0

ACM Re-Post 30-5-2014

ရန်ကုန်မြို့၏ အမှိုက်များ သိမ်းဆည်းရေးနှင့် သိမ်းဆည်းပြီး အမှိုက်များ ပြန်လည်စွန့်ပစ်ရေး အတွက် လာရောက်လျှောက်ထား သည့်ကုမ္ပဏီများတွင်ပြည်ပကုမ္ပဏီ များပါ ပါဝင်နေပြီး လက်ရှိအချိန် တွင် အမှိုက်သိမ်းစနစ်အတွက် လေ့လာမှုများပြုလုပ်ခိုင်းထား ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန မှ သိရသည်။

ထိုလုပ်ငန်းစဉ်အတွက် လာ ရောက်လျှောက်ထားသည့် ကုမ္ပဏီ ပေါင်း ခုနစ်ခုခန့်ရှိပြီး အမှိုက်သိမ်း စနစ်ကိုလေ့လာမှုများအရမည်သည့် အပိုင်းကို မည်သို့လုပ်ဆောင်မည် ဆိုသည်များကို ပြန်လည်တင်ပြ သွားရမည်ဖြစ်ကြောင်းပြောသည်။

ကုမ္ပဏီများ၏ လေ့လာမှုများ အရ မည်သည့်အပိုင်းတွင် အခွန် ကောက်ခံမည်။ မည်သို့ပြုလုပ် မည်များကို ပြန်လည်တင်ပြရမည် ဖြစ်ရာပြန်လည်တင်ပြမှုများအပေါ် အခွန်အသက်သာဆုံးကောက်ခံပြီး အကောင်းဆုံးလုပ်ပေးနိုင်သော ကုမ္ပဏီကို ရွေးချယ်သွားမည်ဖြစ် ကြောင်း သိရသည်။

လုပ်ပိုင်ခွင့်ရမည့် ကုမ္ပဏီကို ဒီဇင်ဘာလတွင် ကြေညာသွားမည် ဖြစ်ပြီး ၂ဝ၁၅ဧပြီလမှစတင်လုပ်ကိုင် သွားရမည်ဖြစ်သည်။ ရွေးချယ် ခြင်းမခံရသော ကုမ္ပဏီများကို ပေးသွင်းထားသော စရန်ငွေကျပ် သိန်း ၅ဝ ကို ပြန်လည်ထုတ်ပေး သွားမည်ဖြစ်သည်။

Aye Chan Mon Credit To: The Union Daily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top