0

ACM Re-Post 30-5-2014

တစ်နေ့တော့ အမတ်ကြီးနဲ့ ဘုရင့်သားဟာ ဈေးတစ်ခုထဲကို လှည့်လာရင်းနဲ့ ဈေးထဲမှာ လျှောက်ကြည့်ကြသတဲ့။လျှောက်ကြည့်ရင်းနဲ့ ဘုရင့်သားက " အမတ်ကြီး ဘာလို့ ဈေးထဲကို ခေါ်လာတာလဲ တခြားသွားစရာနေရာမရှိတော့ ဘူးလား " လို့မေးသတဲ့။

အမတ်ကြီးကတော့ " အရှင့်သား ဈေးဆိုတာက လူအမျိုးမျိုးကြင်လည် ကျက်စားရာဒေသဖြစ်ပြီး အမျိုးမျိုးသော စီးပွားရေး၊လူမှုရေး တွေကို မြင်တွေ့နိုင်မှာ ဖြစ်တယ်"

မကြာမီ ဈေးအတွင်း ဆိုင်ခန်းနှစ်ခန်း ရန်ဖြစ်နေတာကို တွေ့လိုက်ရသတဲ့။မကြာမီ ရန်မီးပြန့်နှံလာပြီးတော့ ဈေးတစ်ခုလုံးနီးပါး တစ်ဖက်နဲ့တစ်ဖက်ရန်ဖြစ်နေကြပါတယ်။မင်းသားက အမတ်ကြီးကို ဘာလို့ရန်ဖြစ်နေကြတာလဲလို့ မေးသတဲ့။

" အရှင့်သား များသောအားဖြင့် ရန်ဖြစ်ရခြင်းအကြောင်းအရင်းမှာ နှုတ်မစောင့်စည်းသောကြောင့်ဖြစ်သည်။လူအချို့သည် မိမိတို့ ကြားခဲ့သမျှကို ပြန်ပြော၏။မိမိတို့ မြင်ခဲ့သမျှကို ပြန်ပြော၏။ သူတို့ ကြားခဲ့သမျှသည် အမှန်စင်စစ် အထင်တွေသာဖြစ်၏။ အကြောင်းအရာ အပြည့်အစုံမဟုတ်။ သူတို့မြင်ခဲ့သမျှသည် အမြင်တွေသာဖြစ်၏ အမှန်တရားမဟုတ် ထိုသို့သော အကြောင်းအရာကို အများသူငါတို့အား ပြန်ပြောကြလျှင် ယခုကဲ့သို့ ရန်ပွဲဖြစ်ကြလိမ့်ပေမည်"

အမတ်ကြီးတို့လဲ ဈေးထဲမှပြန်ထွက်ခွာလာခဲ့လေ၏။

မောင်စိုင်း
http://www.kanaung.net/

Aye Chan Mon Credit To: နည်းစနစ်ကျကျအတွေးအခေါ်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top