0

ကူညီနိုင်သူများ စာနာကူညီပေးနိုင်ရန်

အရေးပေါ်အကူအညီတောင်းခံချက်
မန္တလေး ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာအုပ်စု စိမ့်စမ်းရည်ဘကကျောင်းလေးကို မနေ့နေ့လည်က ပုသိမ်ကြီးသံဃနာယကအဖွဲ့အစည်းများနဲ့ရဲတပ်ဖွဲ့ဝင်အင်အား၂၀ကျော်ဖြင့် ဝိုင်းကာ ကျောင်းရွှေ့ကျောင်းပြောင်းပြုခိုင်းခဲ့ပါသည်(ဘာကြောင့်လဲဆိုတဲ့ အဲ့ကိစ္စအသေးစိတ်ကိုတော့ ဘုန်းကြီးတွေမေးမှပဲသိပါမယ်)

အခုအရေးကြီးတာက အဲ့ဘကကျောင်းလေးက ဘုန်းကြီး၂ပါးနဲ့ ကိုရင်လေး၊မယ်သီလရှင်လေးအပါး၉၀ကျော်တို့ဟာ တင်ထားတဲ့ပုံလေးတွေထဲကလို ယာယီဖြစ်သလိုမိုးကာလေးတွေနဲ့ ကွင်းပြင်ကွက်လပ်ကြီးမှာ ဒုက္ခရောက်နေကြပါတယ်.

အစားအစာနဲ့ရေကတော့ အခုလက်ရှိဖြစ်သလိုဖြေရှင်းနိုင်ပေမယ့် ပစ္စည်းတွေနဲ့ကလေးငယ်တွေနေဖို့တော့ အတော်ကိုအခက်အခဲဖြစ်နေပါတယ်.အခုတလောရာသီဥတုကလဲ မိုးတွေလေတွေကခနခနကျနေတော့ အန္တရာယ်များလွန်းလှပါတယ်.

စေတနာရှင် မေတ္တာရှင် ဂရုဏာရှင် ကုသိုလ်ရှင်များ ကူညီကြပါဦးခင်ဗျာ.
Onlineပေါ်ကနှင့် Onlineပေါ်ကမဟုတ်သော ပရဟိတအဖွဲ့အစည်းများကိုလဲ အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျာ.
ကိုယ်တိုင်လဲသွားကူညီလှူဒါန်းနိုင်ပါတယ်

အကယ်၍ကိုယ်တိုင်သွားရောက်လှူဒါန်းမကူညီနိုင်ပါက ကျွန်တော့်ဖုန်း 09402577143သို့ဆက်သွယ်နိုင်ပါသည်ခင်ဗျာ .။

19.5.2014

ACM Credit To:Ko Tun Wai
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/
 (6 photos)
3

Post a Comment

 
Top