0

အဂ္ဂမင်း ၊ ရန်ကုန်၊

ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ရည်ရွယ်သည့် အစိုးရအဖွဲ့ သမဝါယမလုပ် ငန်းများသည် လူတစ်စုလက်ထဲတွင် မရှိသင့် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။

မေ ၁၉ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအား ကစားရုံ၌ပြုလုပ်သည့် မြန်မာနိုင်ငံ သမဝါယမ အသင်းချုပ်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး ချေးငွေပေးအပ် ပွဲတွင် ရန်ကုန်တိုင်းမ်ဂျာနယ်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမဝါယမလုပ်ငန်းများသည် ဆိုရှယ်လစ် လမ်းစဉ်ခေတ်တွင် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ NYD ပြီးလျှင် ဒုတိယမြောက် တိုင်းပြည်၏ စီးပွားရေးမဏ္ဍိုင်ဖြစ်ခဲ့ပြီး ယခု အခါတွင်လည်း ထိုလမ်းစဉ်အတိုင်း သွားမည် ဆိုပါက အခြေခံသမဝါယမလုပ်ငန်းများသည် ပြည်သူလူထုအားလုံးနှင့် သက်ဆိုင်သည့် လုပ် ငန်းတစ်ခုဖြစ်လာစေရန် လုပ်ဆောင်သင့်ကြောင်း ဦးကျော်က ဆိုသည်။

အခမ်းအနားတွင် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ''သမ ဝါယမဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေတဲ့ အ သေးစား ငွေချေးလုပ်ငန်းများဟာ လတ်တ လော သက်သာချောင်ချိစေရုံသာမကဘဲ နောင် လေးငါးနှစ်အတွင်း ငွေချေးစရာမလိုတော့ဘဲ မိမိကိုယ်ပိုင်လုပ်ငန်း လုပ်နိုင်လာပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမှာဖြစ်ပါတယ်''ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ သမဝါယမအသင်းချုပ် အ နေဖြင့် အသင်းဝင်များအတွက် ၂ဝ၁၄ ခုနှစ် မိုးသီးနှံ အသေးစားချေးငွေ ကျပ် ၂၆၇၄၈ ဒသမ ၈၃ သိန်းအား ထုတ်ချေးခဲ့ပြီး လယ်ထွန်စက် နှင့် လယ်ယာသုံးစက်ကိရိယာ ၆၃၁ စီး၊ အပ် ချုပ်စက်၊ သုံးဘီးဆိုင်ကယ် မော်တော်ယာဉ် များအပါအဝင် လုပ်ငန်းသုံးစက်ပစ္စည်း ၂ဝ၄၄ ခုအား အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

''ပြည်သူများရဲ့ဖြစ်ထွန်းမှုအတွက် သမ ဝါယမအနေနဲ့ အားနည်းနေတာ တွေ့ရတယ်။ ရပ်ကွက်ထဲမှာ လမ်းစဉ်ပါတီတုန်းကမှ တစ် ရပ်ကွက်လုံးကို သမအသင်းက အကျိုးပြုတယ်။ အဲဒါလူထုကို အခြေခံထားလို့ပဲ။ အခုကတော့ လူတစ်စု ကောင်းစားရေးဖြစ်နေတာကို ဝမ်း နည်းစွာ တွေ့နေရတယ်''ဟု ဦးကျော်က ပြော သည်။

သမဝါယမအသင်းကြီးမှ ချေးငွေနှင့် မော်တော်ယာဉ် အပါအဝင် လယ်ယာသုံးစက်ကိရိယာများအား သက်ဆိုင်ရာ မြို့နယ်များရှိ သမဝါယမအသင်းများထံ ပေးအပ်ခဲ့ရာတွင် ပေးအပ်ခဲ့သော စက်ပမာဏနှင့် တက်ရောက်လာခဲ့သော အ သင်းဝင်အင်အား အချိုးချကြည့်လျှင်ပင် အဆတစ်ရာပုံ တစ် ပုံသာရှိကြောင်း၊ မတက်ရောက်နိုင်သည့် အသင်းသားများ အများအပြားကျန်နေသေးသည့်အပြင် မဲစနစ်ဖြင့် ပေးအပ် သည့် ကိစ္စရပ်များတွင် လူထုထံ သိသာမြင်သာစွာ ချပြရန် အားနည်းကြောင်း၊ ချထားပေးသည့် စက်ပစ္စည်းများ၏ တန် ဖိုးနှင့်ကနဦးပေးချေရမည့် ငွေကြေးပမာဏမှာလည်း ကျေး လက်နေ လူတန်းစားအစစ်အမှန်များ လက်လှမ်းမမီနိုင်ကြောင်း တက်ရောက်လာသည့် သမဝါယမအသင်းဝင်များထံမှ သိရ သည်။

သမဝါယမအသင်းအား ယခုထက်ပိုမို၍ လူထုကြားတွင် အားကိုးအားထားပြုနိုင်ရန် ပြည်သူလူထုအနေဖြင့် ယုံကြည် မှုမရှိသေးကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ မှ အမှုဆောင်တစ်ဦးဖြစ်သူ ဦးမန်းသိန်းလှက ပြောသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့နယ်ရှိ ၄၄ မြို့နယ် မှ သမအသင်းဝင် ၃ဝဝဝ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရ ပြီး သမဝါယမအသင်းချုပ်အနေဖြင့် ၂ဝ၁၂ ခုနှစ် အောက်တို ဘာလမှစ၍ ငွေကျပ်သန်း ၁၄၅၈၁၅ သန်းကျော်ထုတ်ချေးခဲ့ ပြီး လုပ်ငန်းသုံးယာဉ်စက်ကိရိယာ ၄၇၆၅ ခုအား အရစ်ကျ စနစ်ဖြင့် ရောင်းချခဲ့သည်။
--------------------------------------------------------------------------

ACM Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top