ACM Re-Post 26-5-2014
ရန်ကုန်၊ မေ ၂၅- ရန်ကုန်မြို့တွင်း (၆)မြို့နယ်မှ တိုက်ခန်းအငှားဈေး ကွက်များမှာ လတ်တလောကာလ အတွင်း ကျပ် ၂ သိန်း ထပ်မံမြင့် တက်လာသည်ဟု မြို့တွင်းအခြေ စိုက် အိမ်ခြံမြေလုပ်ငန်းရှင်အသိုင်း အဝိုင်းမှ သိရှိရသည်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှ စတင်ကာ တိုက်ခန်းအ ရောင်း အဝယ်များအေးလာခဲ့ပြီး လက် ရှိ မေလအထိ အရောင်းအဝယ်ထက် ငှားရမ်းနေထိုင်သူများသာ များလာ ကြောင်းသိရသည်။ အငှားဈေးကွက် အလုပ်ဖြစ်လာ မှုနှင့်အတူ တိုက်ခန်းအငှားဈေးနှုန်း များလည်း မြင့်တက်လာ ကာ ယခင် အငှားဈေးများထက် အနည်းငယ်မြင့် တက်လာသည်။ နေထိုင်သူ အများစု မှာ ဝန်ထမ်းများဖြစ်ပြီး စုပေါင်း ငှားရမ်းနေထိုင်မှုပုံစံဖြင့် ငှားရမ်း နေထိုင်လာကြကြောင်း ၎င်းကဆို သည်။
''အခုအခြေအနေတွေက ဘာ မှန်းမသိသေးဘူး၊ တစ်နှစ်စာ အခွန် နှုန်းတွေလျှော့ပေး မယ်ဆိုတဲ့ သတင်း တွေကလည်း ထွက်နေတော့ ဒါသာ အတည်ဖြစ်လာမယ်ဆိုရင် ဈေးတွေ က ပြောင်းလာနိုင်တယ်၊ ဒါကြောင့် တော်တော်များများက မရောင်းကြ သေးဘူး'' ဟု ဗိုလ်တထောင်မြို့နယ် အတွင်းမှ တိုက်ခန်းဝယ်ရောင်းလုပ် ကိုင်သူ ကိုညီညီ က ပြောသည်။
မြို့တွင်းရှိ တိုက်ခန်းပိုင်ရှင် အများစုမှာ အခွန်နှုန်းထားပြောင်း လဲမည့် သတင်းများကြောင့် ဈေး နှုန်း ထပ်မံတက်လာ နိုင်သည့်အတွက် တိုက်ခန်းများကို ရောင်းချခြင်းမရှိ ဘဲ စောင့်ကြည့်နေသည့် အနေအ ထားကြောင့် အဝယ်ဈေးကွက် ထိုင်း နေခြင်းဖြစ်သည်ဟု ဆိုသည်။
မြို့တွင်း (၆)မြို့နယ်အတွင်း အငှားဈေးကွက်အနေဖြင့် လမ်း ကျယ် မြေညီ ထပ်တစ်ခန်းလျှင် ယခင် တစ် လငှားရမ်းခမှာ ကျပ်(၈) သိန်းဝန်းကျင် သာရှိသော်လည်း လက်ရှိတွင် (၁၀) သိန်းဝန်းကျင် အထိ မြင့်တက် လာ ကြောင်း၊ လမ်းကျဉ်းမြေညီ ထပ်တစ် ခန်းလျှင် ယခင် (၄)သိန်းဝန်းကျင်မှ လက်ရှိ (၈)သိန်းအထိ မြင့်တက် လာကာ အထပ်မြင့်အငှားဈေး အနေ ဖြင့်လည်း ၈လွှာရှိ အခန်းတစ်ခန်း လျှင် ယခင် (၁၂၀၀၀၀)ဝန်းကျင်မှ ကျပ် (၂)သိန်းကျော်အထိ မြင့်တက် လာကြောင်း သိရသည်။
T H [--Democracy today Daily Newspaper--]
Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိ
https://www.facebook.com/
http://
Post a Comment