ACM Re-Post 26-5-2014
ရုပ်ရှင် လောကသားတွေကြားမှာ သြဇာကြီးမားတဲ့ ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်တဲ့ ကိန်းစ် ရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆု ဖြစ်တဲ့ Palme d’Or ဆုကို တူရကီရုပ်ရှင် Winter Sleep က ဆွတ်ခူးသွားခဲ့တယ်လို့ CNA သတင်းဌာနမှာ ဖော်ပြထားပါတယ်။
သုံးနာရီစာရှည်လျားတဲ့ Winter Sleep ရုပ်ရှင်ဟာ စနေနေ့တုန်းက ပြင်သစ်နိုင်ငံ၊ ကိန်းစ်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော် ဆုပေးပွဲမှာ အခြားပြိုင်ပွဲဝင် ရုပ်ရှင်ဇာတ်ကား ၁၇ ကားကို ကျော်ဖြတ်ပြီး Palme d’Or ဆုကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။
Winter Sleep ရုပ်ရှင်ဇာတ်ကားကို တာဝန်ယူ ရိုက်ကူးခဲ့တဲ့ တူရကီ ဒါရိုက်တာ နူရီဘေလ်ဆေလန်က “ဒီ Palme d’Or ဆုဟာ တူရကီနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေကြားမှာ သားကောင် ဖြစ်ခဲ့ရသူတွေ အတွက်ပါ” လို့ ဆုလက်ခံ ရယူအပြီးမှာ ပြောကြားခဲ့ပါတယ်။
Winter Sleep ရုပ်ရှင်ဇာတ်ကားဟာ တူရကီနိုင်ငံရဲ့ ဆီးနှင်းထူထပ်တဲ့ တောင်တန်းတွေထက်မှာ ဟိုတယ်တစ်ခု ဖွင့်လှစ်ထားတဲ့ မိသားစုတစ်စုရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ယခုနှစ်ကိန်းစ် ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို ဗြိတိသျှ သရုပ်ဆောင် တိုနီစပဲလ်က Mr. Turner ဇာတ်ကားနဲ့ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ ဗြိတိသျှ - အမေရိကန် သရုပ်ဆောင် ဂျူလီယန်မိုးက Maps To The Stars ဇာတ်ကားနဲ့ သိမ်းပိုက် သွားခဲ့ပါတယ်။
Aye Chan Mon Credit To:The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment