0

ACM Re-Post 26-5-2014

နိုင်ငံတစ်ဝန်း ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ဆန္ဒခံယူပွဲများမှ ပြည်သူများ၏ ဆန္ဒကို လွှတ်တော် ဆန္ဒဖြစ်လာအောင် ဆုံးဖြတ် အကောင်အထည် ဖော်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များတွင် တာဝန်ရှိကြောင်း ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်း ခေါင်းဆောင် ဦးကိုကိုကြီး က ပြောသည်။ ဟင်္သာတမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နှင့် ၈၈ ပွင့်လင်းငြိမ်းချမ်းရေးတို့ ပူးပေါင်း ကျင်းပသော ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ဟောပြောပွဲတွင် ဦးကိုကိုကြီး က အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌကြီး၏ ပြည်သူ့အသံ လွှတ်တော်အသံ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ လို့ပြောတယ်။ ဒီနေ့ ကျွန်တော်တို့ နယ်ပယ်အသီးသီးမှာ စုဝေးဟောပြောနေတာတွေ အားလုံးဟာ ပြည်သူတွေရဲ့ အသံ/ ဆန္ဒကို ငြိမ်းချမ်းစွာ ဖော်ထုတ်နေတာဖြစ်တဲ့ အတွက် ဒီဆန္ဒတွေကို အကောင် အထည်ဖော်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်များမှာ တာဝန်ရှိပါတယ် ဟု ၎င်း က ဆိုသည်။
နိုင်ငံတော် သမ္မတက ပြည်သူလူထု ဗဟိုပြု အုပ်ချုပ်ရေးစနစ်ကို ညွှန်ကြားချက်ပေးနေသည့် အချိန်တွင် ၀န်ထမ်း အဖွဲ့ အစည်းများသည် အဓိပ္ပာယ် ကောက်လွဲပြီး ယခင်အတွေးအခေါ်များ အတိုင်း ဆက်လုပ်နေမည်ဆိုလျှင် နိုင်ငံတော်သမ္မတ၏ အမိန့်ကို ဖီဆန်နေခြင်းလည်း ဖြစ်သည်ဟု ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့ စည်းမှ ဦးကိုကိုကြီးက ပြောသည်။
နိုင်ငံတော်ခေါင်းဆောင်တွေ ဒီမိုကရေစီ ပြောင်းလဲရေးတွေ လုပ်နေပါတယ်ဆိုတဲ့ ကတိက၀တ်တွေနဲ့ ချယ်မှုန်းကြည့်မယ်ဆိုလို့ ရှိရင် ပုဒ်မ ၄၃၆ ဟာနိုင်ငံတော် အကြီးအကဲတွေရဲ့ မိန့်ခွန်းတွေကိုလည်း ချေဖျက်နေတဲ့ ပုဒ်မလည်း ဖြစ်နေပြီး၊ ယခင် တပ်မတော်သားများ၏ စိုးရိမ် ကြောင့်ကြမှုများ နှင့် ရေးဆွဲထားသော ဖွဲ့ စည်းပုံကို တပ်မတော်သားများ အနေဖြင့် နိုင်ငံတော် ဂုဏ်သိက္ခာကို မြှင့်ဖို့ ပြည်သူချစ်သော တပ်မတော်ဖြစ်ဖို့ ပုဒ်မ ၄၃၆ ဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာပါ ဟု ဦးကိုကိုကြီး အဆိုပါ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဟုန်စံစီခန်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နှင့် ၈၈ ပွင့်လင်းငြိမ်းချမ်းရေးတို့ပူးပေါင်းကျင်းပသော ဖွဲ့ စည်းပုံ ပြင်ဆင်ရေးဟောပြောပွဲသို့ လူအင်အား (၂၀၀၀) ကျော် တက်ရောက်ခဲ့ပြီး တရားမျှတမှု ရှိသည့် ဥပဒေကိုသာ လေးစားလိုက်နာ ဖို့လိုပြီး မတရားဖိနှိပ် ချုပ်ချယ်သည့် ဥပဒေများကို လေးစားလိုက်နာရန် မလိုကြောင်း ၈၈ မျိုးဆက်များ အနေဖြင့် နောင်လာမည့် မျိုးဆက်များ ဆက်လက် တိုက်ပွဲဝင်ရန် မလိုအောင် တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

Aye Chan Mon Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top