လောကမှာတစ်ယောက်နဲ့ တစ်ယောက်
ပေးကြတဲ့လက်ဆောင်က မေတ္တာလက်ဆောင်နဲ့
အဂတိလက်ဆောင်လို့နှ စ်မျိုးရှိပါတယ်။
ကိုယ့်အကျိုးကို ဘာမှ မမျှော်လင့်ဘဲ
သူတစ်ပါး ကောင်းကျိုးရစေချင်တဲ့
မေတ္တာစိတ်သက်သက်နဲ့ပေးတဲ့ လက်ဆောင်
ကိုတော့`မေတ္တာလက်ဆောင်´ လို့ခေါ်ပါတယ်။
တစ်ဖက်သားရဲ့ကောင်းဂုဏ်တစ်ခုခုကို
ဂုဏ်ပြုပူဇော်တဲ့အနေနဲ့ပေးတဲ့လက်ဆောင်၊
တစ်ဖက်သားရဲ့ ကျေးဇူးတရားကိုလေးစားတုံ့ပြန်တဲ့
အနေနဲ့ပေးတဲ့လက်ဆောင်ဟာလည်းမေတ္တာ
လက်ဆောင်ပါပဲ။
တစ်ဖက်သားေ ကာင်းကျိုးရဖို့ထက် ကိုယ့်လိုအင်
ဆန္ဒ ပြည့်ဝဖို့အတွက် မျှော်လင့်ချက်တစ်စုံတစ်ရာနဲ့
လာဘ်ထိုးတဲ့သဘောမျိုးေ ပတဲ့ လက်ဆောင်ကိုတော့
`အဂတိလက်ဆောင်´ လို့ခေါ်ပါတယ်။
ကိုယ့်ကို ကျေးဇူးပြန်ဆပ်စေချင်တဲ့စိတ်နဲ့
ကိုယ်က အရင်ဦးအောင်ကျေးဇူးပြုထားတဲ့သဘောမျိုး
မျက်နှာလုပ်ပြီးပေးတဲ့လက်ဆောင်ဟာလည်း
အဂတိလက်ဆောင်ပါပဲ။
အဂတိလက်ဆောင်ကိုမေတ္တာလက်ဆောင် ထင်ပြီး
ကျေနပ်နေရင်တော့ ကိုယ်ရတာနဲ့ မကာမိတဲ့
ပေးဆပ်ခြင်းတွေနဲ့ လည်စင်းပြီးပေးဆပ်နေရတော့မှာ
သေချာပါတယ်။တစ်ခါတစ်ရံမှာမေတ္တာလက်ဆောင်ကလည်း
အဂတိလက်ဆောင်အဖြစ်အသွင်ပြောင်းသွားတတ်
ပါသေးတယ်။
မေတ္တာလက်ဆောင် ပေးမှာလား...။
အဂတိလက်ဆောင် ပေးမှာလား.. ..။
ဘယ်လက်ဆောင်ပေးမှာလဲ....။
Dhamma Dãna Source ►ကိုလှိုင်တိုး ( ဓမ္မဒါန )
www.facebook.com/youngbuddhistassociation.mm
Aye Chan Mon# Credit To : Young Buddhist's Association
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment