0
အရင်လက ဘိုကိုဟာရမ် စစ်သွေးကြွတွေ ပြန်ပေးဆွဲသွားတဲ့ ကျောင်းသူ ၂၀၀ ကျော် ပြန်လွှတ်ပေးရေးအတွက် နိုင်ဂျီးရီးယား နိုင်ငံတဝှမ်းက ကျောင်းဆရာတွေ ဆန္ဒပြနေကြပါတယ်။

စစ်သွေးကြွတွေ သတ်ဖြတ်ခံရတဲ့ ကျောင်းဆရာ ၁၇၃ ယောက် အတွက်လည်း ချီတက် အလေးပြုကြမယ်လို့ ကျောင်းဆရာများ သမဂ္ဂက ပြောကြားပါတယ်။

မြို့တော် အဘူဂျာက သမ္မတ အိမ်တော်ထိ ချီတက် ဆန္ဒပြကြဖို့လည်း ကမ်ပိန်း အဖွဲ့တွေက စီစဉ်နေကြပါတယ်။

မိန်းကလေးတွေ ပြန်လွတ်ရေး ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန်နဲ့ တွေ့ခွင့်ရဖို့လည်း သူတို့က မျှော်လင့်နေကြပါတယ်။

ပုံစာ- ဖမ်းဆီးခံရတဲ့ ကျောင်းသူတွေကို ဘိုကိုဟာရမ်အဖွဲ့က ဗီဒီယိုမှ ထုတ်လွှင့်ပြသစဉ်။

ACM Credit To:BBC Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top