0

နေပြည်တော် မေ ၂၂



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့၌ကျင်းပမည့် (၂၃)ကြိမ်မြောက် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ် သို့တက်ရောက် ရန် မေ(၂၁) ရက်နံနက်(၈)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန်ည(၁၁)နာရီ (၁၀)မိနစ်တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံမနီလာမြို့သို့ရောက်ရှိသည်။



ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်အဖွဲ့ဝင်များအား ဖိလစ်ပိုင်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးရဲမြင့်အောင်နှင့် သံရုံးမှတာဝန်ရှိသူများ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မနီလာမြို့ နီနွိုင်းအကွီနို (Ninoy Aquino) အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။



ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် ရှန်ဂရီလာ ဟိုတယ်သို့ရောက်ရှိကြသည်။

ဒုတိယသမ္မတဦးဉာဏ်ထွန်းသည် မေ(၂၂)ရက်တွင် ရှန်ဂရီလာဟိုတယ်၌ကျင်းပသည့် မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။



ရှေးဦးစွာ အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ Mr. Klaus Schwab က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတက ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးဝင်းမြင့်၊ ဦးဌေးအောင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး၊ စီးပွားရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများကို ပါဝင်ရှင်းလင်း ဆွေးနွေး ကြရာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ သိလိုသည် များကို မေးမြန်းဆွေးနွေးကြသည်။



ထို့နောက် ဒုတိယသမ္မတဦးဉာဏ်ထွန်းသည် မစ်ဆူဘီရှီကော်ပိုရေးရှင်းဘုတ်အဖွဲ့ဥက္ကဋ္ဌမစ္စတာရိုရီဟီကို ကိုဂျီးမား ဦးဆောင်သောအဖွဲ့အား ရှန်ဂရီလာဟိုတယ်၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းအနေဖြင့်မြန်မာနိုင်ငံ၌ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတို့တွင်လာရောက်ရင်းနှီးမြှုပ်နှံနိုင်မှုအလားအလာများကို ဆွေးနွေးကြသည်။



ထိုသို့တွေ့ဆုံရာသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးဝင်းမြင့်နှင့် ဒုတိယဝန်ကြီး ဦးသန့်ကျော်တို့ တက်ရောက်ကြသည်။

ACM Credit To:MOI Webportal Myanmar
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top