0
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ည ၉ နာရီ တိုင်းထွာချက်များအရ မြန်မာနိုင်ငံ ဂွမြိ့၏ အနောက်ဘက် မိုင် ၁၅၀ခန့် စစ်တွေမြို့၏ အနောက်တောင်ဘက် ၁၆၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့၏ တောင်ဘက် မိုင်၂၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလျက်ရှိပြီး အဆိုပါ မုန်တိုင်းငယ်သည် မြောက်၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်သည်။ မုန်တိုင်းငယ်သည် မြောက်၊ အနောက်မြောက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရသော်လည်း ရခိုင်ကမ်းရိုးတန်းနှင့် နီးကပ်နေသဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပြန်ထားသည်။

Eleven Media Group

Post a Comment

 
Top