0

ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသား ဝန်ထမ်း ၂ ဦးကို မိမိတို့ ပြန်ပေးဆွဲခဲ့တာမဟုတ်ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးတ၀ိုက်က ကျေးရွာသားတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆည်တဲရွာသူ မနွယ်နွယ်ဝင်းက အခုလို ပြောပါတယ်။

"ဒါကတော့ တရုတ်နှစ်ယောက်ကို ဖမ်းထားတဲ့အကြောင်းရင်းက သူတို့ကဖြေရှင်းမှုလည်းမပေးဘူး၊ ထပ်မံပြီးတော့ တိုးချဲ့တာပေါ့နော်၊ ဘာဖြစ်လို့တိုးချဲ့တာလဲဆိုတော့ သူတို့အထက်လူကြီးတွေက ခိုင်းလို့လုပ်တာပေါ့နော်၊ အဲဒါဆိုရင် သူတို့ရဲ့အထက်အကြီးပေါ့ တိုးချဲ့တဲ့အကြောင်းရင်း အဲဒါတွေကိုပေါ့နော် ဆွေးနွေးတိုင်ပင်ညှိနှိုင်းဖို့ ဒေသခံတွေကခေါ်တယ်"

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ဆည်တဲရွာနဲ့ တုံရွာကြားက မြေယာတွေအနားကို ရောက်လာတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသားနှစ်ဦးနဲ့ မြန်မာနိုင်ငံသား ကားမောင်းသမားတစ်ဦးကို ဆည်တဲရွာသားတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးပြီးနောက် သိပ်မကြာခင်မှာပဲ ကားသမားကို ပြန်လွှတ်ပေးလိုက်ပြီး တရုတ်နိုင်ငံသား နှစ်ဦးကို မေလ ၁၉ရက်နေ့မှာ စစ်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆည်တဲရွာသားတွေ ဆွေးနွေးညှိနှိုင်းအပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီတရုတ်နိုင်ငံသား နှစ်ဦးကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဆည်တဲရွာသား ၇ ဦးကို ဆားလင်းကြီးမြို့နယ်ရဲစခန်းက အမှုဖွင့်ထားပါတယ်။

ACM Credit To:RFA Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top