0

သူသူထက်လွင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၉)


ရန်ကုန်၊ နယ်စပ်နှင့်တောင်တန်းသာ သနာပြုဆရာတော်များသည် အသက် နှင့်ရင်း၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယင်းတို့ကြိုးပမ်းမှု ကြောင့်ဖြစ်ပေါ်လာသည့် ဗုဒ္ဓအဆုံး အမခံယူထားပြီးဖြစ်သော တောင်တန်း ဒေသရှိကျေးရွာများတွင် ဘုန်းကြီး ကျောင်းများလိုအပ်နေကြောင်း သိရသည်။
တောင်တန်းဒေသများတွင် သာ သနာပြုလုပ်ငန်းများပြုလုပ်ရန် ခဲယဉ်း ပြီး မကြာခဏအသက်အန္တရာယ်နှင့် ရင်ဆိုင်ရကာ သာသနာတော်ထွန်းကား ရေးအတွက် သာသနာပြုဆရာတော် များမှဖြတ်သန်းကျော်လွှားခဲ့ရသည်။

''တောင်တန်းဒေသသာသနာ ပြုပုဂ္ဂိုလ် တကယ်လုပ်မယ်ဆိုရင်အ သက်နဲ့ရင်းပြီးလုပ်ရတယ်။ လုပ်ကြံမှု တွေလဲ ခံခဲ့ရပါတယ်။ ဒူးလေးနဲ့ ခြောက် လှန့်ပြီး ပစ်တာမျိုး၊ သောက်ရေအိုးထဲ အဆိပ်ခတ်တာမျိုး၊ ယာဉ်တန်းကိုဗုံး ထောင်တာ၊ ခွေးနဲ့စူးတိုက်ကိုက်ခိုင်း တာမျိုးတွေ ရှိခဲ့ပါတယ်။ အဲလိုမျိုး အသက်နဲ့ရင်းပြီး လုပ်ရတာဆိုတော့ ဆရာတော့်အနေနဲ့ ပရိတ်ကြီး ၁၁ သုတ်၊ ပဋ္ဌာန်း၊ မဟာသမယသုတ်၊ ဓမ္မစကြာ၊ သမ္ဗုဒ္ဓေ အမြဲထုံရပါတယ်။ တောင်တန်းဒေသတွေမှာ ဗုဒ္ဓဘာသာ အဆုံးအမခံယူပြီး ဗုဒ္ဓဘာသာဝင်ဖြစ် လာတဲ့ဦးရေစုစုပေါင်း အခုဆိုရင် ၃၄၆၅ဝ ရှိသွားပြီဖြစ်ပါတယ်''ဟု တောင် တန်းသာသနာပြုဆရာတော် ဒေါက်တာ တေဇောသာရာဘိဝံသ(ရှင်တစ်ထောင် ဆရာတော်)က မိန့်သည်။

ယင်းကဲ့သို့ဘုန်းကြီးကျောင်းများ လိုအပ်ချက်ရှိနေခြင်းကို ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေး ပွဲ၌ အဆိုပြုတင်သွင်းခဲ့ကြောင်းနှင့် ဗုဒ္ဓအဆုံးအမခံယူထားပြီးဖြစ်သော တောင်တန်းဒေသများတွင် ဘုန်းကြီး ကျောင်းစုစုပေါင်း ၅၇ ကျောင်းလိုအပ် နေခြင်းဖြစ်သည်။

ဘုန်းကြီးကျောင်းလိုအပ်သော ဒေသများမှာ မိုးကုတ်မြို့ ၄၄ရွာတွင် ဘုန်းကြီးကျောင်းရှစ်ကျောင်း၊ ရှမ်း ပြည်မြောက်ပိုင်း မန်တုံ့မြို့နယ်တွင် ခြောက်ကျောင်း၊ နမ့်ဆန်မြို့နယ်တွင် လေးကျောင်း၊ သိန္နိမြို့နယ်တွင် ငါး ကျောင်း၊ ကျူးကုတ်ပန်းဆိုင်မြို့နယ်တွင် ၁၂ ကျောင်း၊ ကွမ်းလုံမြို့နယ်တွင် လေး ကျောင်း၊ လောက်ကိုင်မြို့နယ်တွင်ရှစ် ကျောင်း၊ ကောက်ထိုမြို့နယ်တွင်နှစ် ကျောင်း၊ တုံကျိုင်းမြို့နယ်တွင် လေး ကျောင်း၊ နာဂတွင် နှစ်ကျောင်း၊ ကချင် ပြည် နွယ်ဘေဘွန်တွင် နှစ်ကျောင်း စသည့်ရွာများ၌ စုစုပေါင်း ၅၇ကျောင်း လိုအပ်နေကြောင်း မန္တလေးတိုင်းဒေသ ကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ ညောင် သုံးပင် ပရိယတ္တိသာမဏေကျော် စာ သင်တိုက်မှ တောင်တန်းသာသနာပြု ဆရာတော် ဒေါက်တာတေဇောသာရာ ဘိဝံသက မေ ၁၃ရက်တွင်ကျင်းပသော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အ စည်းအဝေးပွဲတွင် အဆိုပြုတင်သွင်းခဲ့ သည်။ ယင်းအဆိုပြုလွှာတွင် တောင် တန်းသာသနာပြုဆရာတော်များအား အချို့မြို့နယ် သံဃနာယကဆရာတော် များက နယ်ကျော်သာသနာပြုသည် ဟု အထင်မှားကာ သာသနာပြုလုပ် ငန်းများကို ကူညီပေးခြင်းမရှိဘဲ တား ဆီးပိတ်ပင်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ACM Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top