0

၂၀၁၄ ခုနှစ် မတ်လတွင် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ၊ တော်ဝိစံပြကျေးရွာရှိ "မေတ္တာရှင်" လူမှုကူညီရေးအသင်းတွင် ပရဟိတလူမှုအကျိုးပြု ပေးဆပ်မှုများတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်ယာဉ် (၁)စီး၊ လူနာတင်ယာဉ်(၁) စီးတို့အား လိုင်စင်မဲ့ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည့်အပြင် အဆိုပါ အသင်း မှ တာဝန်ရှိသူ အလုပ်အမှုဆောင် (၇) ဦးကိုပါ ဖမ်းဆီးခဲ့သည်။ ထို့အတွက်နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အကူအညီပေးနိုင်ရန် တောင်းခံလာသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ မှ ဦးဆောင်၍ ဒေသခံပရဟိတ အဖွဲ့အစည်းများ၊ ပဲခူးတိုင်း အရှေ့ခြမ်းနှင့်အနောက်ခြမ်းမှ လူမှုရေး ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဖေးမ ပေးမှုကြောင့် ၉.၄.၂၀၁၄ ရက်နေ့တွင် အဖမ်းခံ ရသူ (၇) ဦး ပြန်လည်လွတ်မြောက် လာခဲ့သည်။ ထိုသို့ လွတ်မြောက်လာသည့် အချိန်တွင် နာရေးကူညီမှု အသင်း (ရန်ကုန်) နှင့်အတူ လူမှုရေးအသင်းအဖွဲ့များမှ လူမှုရေးသူရဲကောင်းများဟု တင်စားကာ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခဲ့ကြသည်။ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသော မော်တော် ယာဉ် (၂) စီးမှာ ယနေ့အချိန်ထိ ပြန်လည်လက်ခံရရှိခြင်း မရှိချေ။ ထို့ကြောင့် လူမှုရေးစိတ်ဓာတ် ပြင်းထန် လှသော တော်ဝိစံပြကျေးရွာမှ လူမှုရေးသမားများအား ပရဟိတလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်၊ ရပ်ရွာ အပေါ် ပိုမိုအကျိုးပြုနိုင်ရန် ရွယ်ရွယ်၍ နာရေး ကူညီမှုအသင်း (ရန်ကုန်)မှ လူနာတင်ယာဉ်တစ်စီးကို ပေးအပ်လှူဒါန်းခဲ့သည်။

၁၈.၅.၂၀၁၄ ရက်နေ့ နံနက် (၉း၃၀) အချိန်တွင် တော်ဝိစံပြကျေးရွာ "မေတ္တာရှင်" လူမှုကူညီ ရေးအသင်းသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ လူနာတင်ယာဉ်ပေးအပ်ပွဲအား အောင်မြင်စွာ ကျင်းပနိုင် ခဲ့ပါတော့သည်။ ထိုလူနာတင်ယာဉ်မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဦးရဲဝင်း + ဒေါ်ခင်ဌေးကြွယ် (နာရေးကူညီမှုအသင်း (ရန်ကုန်)၏ တနလာင်္လုပ်အားပေး) ရွှေသွေးကုမ္ပဏီမှ လှူဒါန်းထားသောမော်တော် ယာဉ်ဖြစ်သည်။ ၎င်းမော်တော်ယာဉ်အား လူနာတင်ယာဉ်အဖြစ် အသုံးပြုနိုင်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အကုန်အကျခံပြုပြင်၍ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နာရေးကူညီမှုလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် အမှန် တကယ် လိုအပ်နေသော လူနာတင်ယာဉ် လှူဒါန်းခြင်းအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် တော်ဝိစံပြကျေးရွာမှ မေတ္တာရှင်လူမှုကူညီရေး အသင်းတို့အနေဖြင့် များစွာ ဂုဏ်ယူပီတိ ဖြစ်မိသလို လူမှုရေး လုပ်ငန်းများအား စွမ်းစွမ်းတမံ ဆထက်တပိုး လုပ်ကိုင်ကြမည့် လူမှုရေးသူရဲကောင်း (၇) ဦးနှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီခဲ့ကြသော ပဲခူးတိုင်း အရှေ့ခြမ်းနှင့်အနောက်ခြမ်းမှ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့်လည်း ဂုဏ်ယူကြည်နူးမိကြမည် ဖြစ်ပါသည်။ ထို့အပြင် မော်တော်ယာဉ် အလှူရှင်မိသားစု အနေ ဖြင့်လည်း ထပ်ဆင့်ကုသိုလ်တိုး၍ သဒ္ဒါအကျိုးအား ခံစားရမည်ဟု ယုံကြည်မိပါတော့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ပြည်သူလူထုတို့ လိုအပ်နေသောလူမှု ဒုက္ခများအားဖြည့်ဆည်းပေးနေသလိုပြည်သူလူထုအပေါင်းအားမိမိတို့ နိုင်သည့်ဝန်ဖြင့်အနစ်နာခံပေးဆပ်နေသောနယ်ဒေသများရှိ ပရဟိတလူမှုရေးအသင်းအဖွဲ့ များအားလည်းလိုအပ်သောအထောက်အပံ့ပစ္စည်းများကိုပြန်လည်ဖြည့်စွမ်းပေးနေသည်ဖြစ်သောကြောင့်မိမိတို့ ဒေသရပ်ရွာအကျိုးတို့ ကိုဖြည့်ဆည်းကူညီပေးဆပ်နိုင်တော့မည်ဖြစ်သောကြောင့် ယခု လှူ ဒါန်းမှု အကြောင်းအရာအား " တော်ဝိ ပရဟိတသူရဲကောင်းများအတွက်ဗြဟ္မစိုရ်လက်နက်တပ်ဆင်ပေးခြင်း"ဟုခေါ်ဆိုလိုက်ရပါတော့သည်။ (ကျော်သူ)

ACM Credit To:Kyaw Thu
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
 (4 photos)

Post a Comment

 
Top