0

နေပြည်တော်၊ မေ (၁၁)

အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်လျှော့နည်းစေရေးတို့ကို ကြိုးစားဖော်ဆောင်ရန်အာဆီယံထိပ်သီးအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်ကအာဆီယံခေါင်းဆောင်များအား ပြောကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် အာဆီယံအဖွဲ့အစည်းများစွမ်းဆောင်ရည်ပြည့်ဝစေရန်
ဒေသတွင်းရင်ဆိုင်နေရသည့် စိန်ခေါ်မှုများပြောင်းလဲမှုများကို ရင်ဆိုင်နိုင်စွမ်းမြှင့်တင်ရန်ကိုလည်း တိုက်တွန်းပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ၏ ကြေညာချက်အရသိရသည်။

၂၄ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီမိနစ်၃၀တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) ပတ္တမြားခန်းမ၌ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး
အသိုက်အ၀န်းကောင်စီ၊ အာဆီယံစီးပွားရေးအသိုက်အ၀န်းကောင်စီ၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အ၀န်းကောင်စီ တို့၏ အစီရင်ခံစာများ၊ အာဆီယံအတွင်းရေးမှူးချုပ်၏ အာဆီယံအသိုက်အ၀န်း
အကောင်အထည်ဖော်မှုဆိုင်ရာ အစီရင်ခံစာနှင့် အာဆီယံဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူးမှ တင်သွင်းသည့် အစီရင်ခံစာများကို မှတ်တမ်းတင်ခဲ့ကြသည်။

သုတလင်း၊ မြတ်စုငြိမ်း

Aye Chan Mon# Credit To :Popular Myanmar News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top