0

by hotnews

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ တွင်ရွေးကောက် ပွဲကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မပါဝင်ခဲ့ပေ။ ရွေးကောက်ပွဲတွင်ပြည်ထောင် စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲ အများဆုံးရရှိပြီး ၂၀၁၁ ခုနှစ်တွင် အစိုး ရအဖွဲ့ကာ တိုင်းပြည်ကိုအုပ်ချုပ်လာခဲ့ သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၂ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါဝင် ယှဉ်ပြိုင်လာခဲ့သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၄၅ နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၄၃ နေရာတွင်အနိုင်ရရှိခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲဖြစ်သော်လည်း တစ်နိုင်ငံ လုံးတက်ကြွစွာပါဝင်လှုပ်ရှားကြသည်။ နိုင်ငံတကာကလည်း စိတ်ဝင်စားစွာစောင့် ကြည့်နေကြသည်။ ဤရွေးကောက်ပွဲသည် ပြည်သူတို့၏အာဏာရှင်စနစ်ဆန့်ကျင်မှု၊ ဒီမိုကရေစီလိုလားမှုဆန္ဒအမှန်ကိုထုတ်ဖော် ပြသလိုက်ခြင်းဖြစ်ပေသည်။
၂၀၁၁ ခုနှစ် ဖွဲ့စည်းခဲ့သော သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရသက် တမ်းသည် ယနေ့ဆိုလျှင် သုံးနှစ်ကျော် ခဲ့ပြီဖြစ်သည်။ ထိုကာလများအတွင်းမြန်မာ ပြည်သူတို့၏ဘ၀အခြေအနေသည်မည်မျှ တိုးတက်လာခဲ့ပါသနည်း။ ထူးခြားစွာတိုး တက်ပြောင်းလဲမှုမရှိခဲ့ပေ။ ပြည်သူတို့၏ ဘ၀အခြေအနေသည်ပိုမိုနိမ့်ကျလာခဲ့သည်။ အစိုးရသစ်လက်ထက်တွင် လက်တစ်ဆုပ် စာလူတစ်စုသည် ပိုမိုချမ်းသာလာခဲ့သည်။ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ပေါ်ပေါက်လာခဲ့သည်။ အလုပ်သမား၊ လယ်သမားလှုပ်ရှားမှုများနှင့် အိုးမဲ့ အိမ် မဲ့ကျူးကျော်နေထိုင်သူများကို အကြမ်းဖက် နှိမ်နှင်းမှုများပြုလုပ်လာခဲ့သည်။ ယခင် အစိုးရလက်ထက်က စစ်တပ်နှင့် ခရိုနီများ ၏အဓမ္မလယ်သိမ်း၊ မြေသိမ်းခြင်းများကို လည်းမဖြေရှင်းနိုင်သေးပေ။ သယံဇာတ အရင်းအမြစ်များ၊ သစ်တောများပြုန်းတီး ကုန်ခမ်းလာသည်ကိုလည်းမတားမြစ်နိုင် သေးပေ။ ပြည်ထောင်စု၏
အသက်သွေး ကြောဖြစ်သော ဧရာဝတီမြစ်ဆုံစီမံကိန်း ကိုလည်း အပြီးတိုင်မရုပ်သိမ်းနိုင်သေးပေ။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး မြှင့်တင်မှု၊ တရားဥပဒေစိုးမိုးမှုတို့သည် လည်းလွန်စွာအားနည်းလျက်ရှိနေဆဲဖြစ် သည်။
ယခုအစိုးရလက်ထက်တွင် ထိပ်တန်း အာဏာပိုင်တို့သည် ယခင်အစိုးရဟောင်း လက်ထက်မှ ဗိုလ်ချုပ်ကြီးများဖြစ်ကြ သည်။ ထို့ကြောင့် အစိုးရဟောင်းလက်ထက် တုန်းက လုပ်ဆောင်ချက်များသည် ယခု အစိုးရသစ်တွင်လည်းတာဝန်ရှိပေသည်။
၁၉၆၂ ခုနှစ်မှစ၍ တစ်ပါတီအာဏာ ရှင်စနစ်၊ စစ်အာဏာရှင်စနစ်များဖြင့် တိုင်းပြည်ကိုအုပ်ချုပ်လာခဲ့သည်မှာနှစ် ပေါင်းငါးဆယ်ခန့်ရှိပြီဖြစ်သည်။ ပြည်သူ တို့၏ဆင်းရဲတွင်းနက်ရှိုင်းမှုသည် အ၀ီစိ ပင်ရောက်နေပြီဖြစ်သည်။ တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု သည် ကမ္ဘာပေါ်တွင် အနိမ့်ကျဆုံးဖြစ် လျက် အဂတိလိုက်စားမှုသည် အမြင့်မား ဆုံးဖြစ်နေပေသည်။ သို့သော်အာဏာရှင် များသည် အားမရကြသေးပေ။ အာဏာ နှင့် စည်းစိမ်များကို လက်မလွှတ်သေးပေ။ အာဏာကိုဆက်လက်ဆုပ်ကိုင်ပြီး အာ ဏာရှင်မျိုးဆက်ကိုမွေးမြူလိုကြသေးသည်။
၂၉.၄.၂၀၁၄ နေ့ထုတ် အတွဲ (၈)၊ အမှတ် (၄၇) New Watch ဂျာနယ်တွင် သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ ဤသ တင်းတွင် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအတိုင် ပင်ခံဦးအောင်သောင်းက ““လယ်သမားတွေ ချမ်းသာမှတို့တိုင်းပြည်က ထမင်းဝမယ်။ ထမင်းမှန်မှန်စားရမယ်။ ပေါပေါများများစား ရမယ်။
အဲဒါကြောင့်လယ်သမားကို လယ် စိုက်နိုင်အောင် စိုက်ပြီးတော့စားစရာမရှိ ဖြစ်နေတဲ့အနေအထားမျိုးတွေမရှိစေရအောင်
လုပ်မယ်”” ဟုပြောကြားသည်။
ဆက်လက်၍ ဦးအောင်သောင်းက ““ကျွန်တော်တို့က ၂၀၁၅ အတွက်ပြင်ဆင် ထားပါတယ်။ မပြင်ဆင်ဘဲမနေဘူး။ ကျွန်တော်တို့ကပါတီကြီးတစ်ခုပဲ။ အင်အားအများဆုံးပါတီလည်းဖြစ်တယ် ဆိုတော့ ကျွန်တော်တို့ဆောင်ရွက်ထားပါ တယ်ဆိုတော့ ကျွန်တော်တို့ပါတီနိုင်မယ် ကျွန်တော်တို့ကယူဆတယ်။ နိုင်ဖို့အကြောင်း အချက်အများကြီးရှိပါတယ်။ နိုင်ခဲ့ရင် တော့ ကျွန်တော်တို့က တိုင်းပြည်ကို ငြိမ်းချမ်းရေးရမယ်။ ချမ်းသာအောင်လုပ် မယ်။ ကျွန်တော်တို့ လူတွေပျော်ရွှင်အောင် လုပ်မယ်။ တစ်ခုပြီးတစ်ခုတော့မဟုတ်ပါ ဘူး။ ဥပဒေဘောင်အတွင်းကနေ ပျော် ပျော်ရွှင်ရွှင်ရှိရမယ်။ အထိုက်အလျှောက် သူ့ကဏ္ဍအလိုက်လုံလောက်မှုရှိရမယ်။ စိတ် ချမ်းသာစေရမယ်ပေါ့ဗျာ။ လုံခြုံမှုရှိရမယ် ပေါ့”” ဟုပြောကြားသည်။ ဟုဖော်ပြထား သည်။
ဦးအောင်သောင်း၏စကားကိုချုပ် လိုက်လျှင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိပါက ၁။တိုင်းပြည်ငြိမ်းချမ်းရေးရရမည်။
၂။တိုင်းပြည်ချမ်းသာအောင်လုပ်မည်။
၃။လူတွေစိတ်ချမ်းသာရမည်။ ဟုနား လည်မိသည်။
ဤသို့ဆိုလျှင် ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီရှုံးနိမ့် ခဲ့ပါသလား။ ယခုအစိုးရအဖွဲ့သည်လည်း ပြည်ခိုင်ဖြိုးပါတီ၏အစိုးရအဖွဲ့မဟုတ်ဘူး လား။
ယခုအချိန်မှာကောတိုင်းပြည်ငြိမ်းချမ်း ရေးရအောင်၊ တိုင်းပြည်ချမ်းသာအောင်၊ လူတွေစိတ်ချမ်းသာအောင်ဘာကြောင့် မလုပ်သလဲ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ တွင်အနိုင်ရရှိမှ လုပ်မှာလား စသည်ဖြင့် မေးခွန်းထုတ်စရာများရှိလာခဲ့သည်။ တော်ပါတော့။ ပြည်သူလူထုသည် တစ် ကြိမ်မက အကြိမ်ကြိမ်သေခဲ့ဖူးပါပြီ။
အမှန်မှာတော့ ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီရှုံးနိမ့်သွား မည်ကို ဦးအောင်သောင်းစိုးရိမ်သောက ရောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ရွေး ကောက်ပွဲအတွက် ကြိုတင်ထုတ်လွှင့်လိုက် သောမဲဆွယ်စည်းရုံးရေးပင်ဖြစ်သည်။
အမျိုးသားလွတ်မြောက်ရေးလှုပ်ရှား မှုကာလ အပြင်းထန်ဆုံးအချိန်တွင် ချုပ် ဆိုခဲ့သော အောင်ဆန်းအက်တလီစာချုပ် အပိုဒ်(၁) အရတိုင်းပြုပြည်ပြုလွှတ်တော် တည်ထောင်နိုင်ရန်အတွက်ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။ ဤရွေးကောက်ပွဲ မှ ရွေးချယ်လိုက်သော ပြည်သူ့ကိုယ်စား လှယ်များပါဝင်သည့်တိုင်းပြု ပြည်ပြုလွှတ် တော်သည် လွတ်လပ်လာမည့်အနာဂတ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲခွင့်၊ လွတ်လပ်ရေးအတွက်အရေးဆို ခွင့်ရှိသည်။ ထို့ကြောင့်ပြည်သူ့အကျိုးကို အမှန်တကယ်ဆောင်ရွက်မည့်ပြည်သူ့ ကိုယ်စားလှယ်များအရွေးခံရရေးသည် လွန်စွာအရေးကြီးပေသည်။ ဤရွေးကောက် ပွဲကို ၁၉၄၇ ခုနှစ်၊ ဧပြီ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဖဆပလအနိုင်ရရှိစေရန်နှင့် ပြည်သူတို့မဲ ပေးမမှားကြစေရန် အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ မတ် လ ၇ ရက်နေ့၊ ည ၆း၃၀ နာရီတွင် မြန်မာ့အသံမှ ပြည်သူလူထုသို့အောက်ပါ အတိုင်းမေတ္တာရပ်ခံလိုက်သည်။ ““ဗမာ တွေ လမ်းနှစ်ခွသို့ရောက်ရှိနေကြပြီ။ တစ် လမ်းမှာ ကျွန်သက်ရှည်မည့်လမ်းဖြစ်သည်။ အခြားတစ်လမ်းမှာ ကျွန်သက်တိုမည့်လမ်း ဖြစ်သည်။
ဤလမ်းနှစ်လမ်းအနက် ဘယ်လမ်း ကိုလိုက်ကြမလဲ။ ဤမေးခွန်းကို ၁၃၀၈ ခု၊ တန်ခူးလဆုတ် ၄ ရက် (၉.၄.၄၇) နေ့တွင် ကျင်းပမည့် တိုင်းပြည်ပြုလွှတ် တော်ရွေးကောက်ပွဲကြီးတွင် ဗမာတွေ ကိုယ်တိုင်ဖြေကြရတော့မည်။ ဒီအဖြေကို မပေးမီ လက်ငင်းနိုင်ငံရေးအခြေအနေကို ဗမာတိုင်း ကောင်းကောင်းသဘောပေါက် ထားရန်လိုသည်။ ယခုအခါတွင် ဗမာပြည် နိုင်ငံရေးတွင် ဖဆပလနှင့် ဖဆပလဆန့် ကျင်ရေးဟူ၍ အကြမ်းအားဖြင့် နိုင်ငံရေး သမားနှစ်မျိုးနှစ်စားရှိသည်။
ခပ်ရှင်းရှင်းပြောရလျှင် ဖဆပလဆန့် ကျင်ရေးသမားများထဲတွင် ၁။ ဗြိတိသျှ နယ်ချဲ့သမားတို့၏ ပဉ္စမံတပ်သားများနှင့် မင်းသားကြီးလုပ်ချင်သူများပါကြသည်။
ယခုအခါတွင် ဖဆပလသည် လူထု ၏ရှေ့၌ မားမားမတ်မတ်ရပ်၍ ခေါင်း ဆောင်နေခြင်းကိုထိုမင်းသားကြီးလုပ်လို သူများသည်မနာလိုမရှုဆိတ်ကြချေ။ ရပ်ခြင်းရပ်လျှင် သူတို့သာရပ်လိုကြသည်။
သို့ရာတွင် သူတို့၏ရှေ့နောက်မညီ ညွတ်သောခေါင်းဆောင်မှု၊ အမြင်တိုသော ခေါင်းဆောင်မှု၊ ဘယ်သူသေသေ ငတေ ခေါင်းဆောင်ဖြစ်ရလျှင် ပြီးရောဟူသော ခေါင်းဆောင်မှု၊ မကြာခဏ ဖောက်လွဲ ဖောက်ပြန်ဖြစ်ခဲ့ရသောခေါင်းဆောင်မှု ကြောင့် လူထုကလည်းမိမိတို့ရှေ့တွင် မင်းသားကြီးလုပ်လိုသူများကိုအရပ်မခံကြ ချေ။
သို့ဖြစ်ရာ မင်းသားကြီးမလုပ်ရလျှင် မနေနိုင်သော ထိုခေါင်းဆောင်တစ်စုတို့ သည် ပတ်မကြီးကိုထိုးဖောက်လျက်ရှိကြ သည်။ ၎င်းင်းတို့ခေါင်းဆောင်ဖြစ်မှုသာလျှင် အဓိကဖြစ်သည်။ လူထုလွတ်လပ်ရေးမှာ သူတို့ခေါင်းဆောင်ဖြစ်မှုလောက်အရေး မကြီးပေ။
ဗမာလူထုကြီးသည်ယခုအခါတွင် လမ်းနှစ်ခွသို့ရောက်လျှက်ရှိကြပြီဖြစ်ရာ ယခုပြောခဲ့ပြီးသောဗြိတိသျှနယ်ချဲ့သမား တို့၏ ပဉ္စမံတပ်သားများနှင့် မင်းသားကြီး မလုပ်ရသူများကို ကောင်းစွာသတိပြုကြ ရမည်။ ထိုသူတို့၏ မှားယွင်းသောညွှန် ကြားချက်ကြောင့် ကျွန်သက်ရှည်စေမည့် လမ်းသို့မလိုက်မိကြရန်ကိုလည်း ကောင်း စွာသတိပြုကြရမည်။
ကျွန်တော်သည်တိုင်းပြည်ကို တစ်ခါ ဘူးမျှ တစ်ပတ်မရိုက်ခဲ့သည်ကို လူထု ကောင်းကောင်းသိပါသည်။ အထူးရှင်း ပြနေစရာမလိုပါ။
ကျားနှင့် ရင်ဆိုင်တွေ့ရသည့်အခါ မျိုးတွင် တစ်ဦးကိုတစ်ဦးစိတ်ကောက်ပြီး ထိုင်နေ၍မဖြစ်သကဲ့သို့ဗမာ့သေရေးရှင် ရေးကြီးနှင့် ရင်ဆိုင်တွေ့နေသည့်အခါတွင် လည်း မကျေနပ်မှုအသေးအဖွဲကလေးတွေ ကို ရိုးမယ်ဖွဲ့၍ မနေကြပါနဲ့။
ယခုအရေးသည်တစ်ချက်အမှားမခံ သော အရေးကြီးဖြစ်သဖြင့် မိမိတို့၏ မျိုးချစ်စိတ်ဓာတ်ကိုအခြားအချိန်များထက် ဤအချိန်ကြီးတွင် ထူးထူးကဲကဲပြကြရန် ကျွန်တော်တိုက်တွန်းလိုက်သည်။
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ် အောင်ဆန်းပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံအတွက်အရေးကြီးသောအချိန် သို့ရောက်နေပြီဖြစ်သည်။ လက်နက်၊ ငွေ ကြေး၊ အာဏာ၊ လုပ်ပိုင်ခွင့်စသည့်အခြေ အနေများပြည့်စုံနေပါလျက် တိုင်းပြည် တိုးတက်အောင်မလုပ်ဆောင်ဘဲ ၂၀၁၅ ခုနှစ် အနိုင်ရမှလုပ်မည်ဆိုသည်မှာ ပြည်သူကိုလိမ်လည်လှည့်စားလိုက်ခြင်း သာဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည်။ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုများ သည်လည်းစတင်လာပြီဖြစ်သည်။ ထိုရွေး ကောက်ပွဲတွင် အာဏာရပြည်ခိုင်ဖြိုးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အဓိကယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြည်သူလူထုသည်မည်သည့်ပါတီကို ထောက်ခံမဲပေးကြမည်နည်း။ အာဏာ ရှင်စနစ်ကို သကာရည်ဖုံးအုပ်ထားသော အယောင်ဆောင်ဒီမိုကရေစီကို မဲပေးကြ မည်လား။ ဒီမိုကရေစီစစ်စစ်ကို မဲပေးကြ မည်လား။ ပြည်သူလူထုအပေါ်စေတနာ မထားခဲ့ဘဲ ရွေးကောက်ပွဲနီးမှ အာဏာ နှင့် လုပ်ပိုင်ခွင့်ကိုအသုံးပြု၍လည်းကောင်း မက်လုံးအမျိုးမျိုးပေး၍လည်းကောင်း စည်းရုံးသောပါတီကိုမဲပေးမည်လား။
ပြည်သူတို့အတွက် ဒီမိုကရေစီစစ် စစ်ရရှိရေးအတွက် အနစ်နာခံ၍ အသက်၊ သွေး၊ ချွေးတို့ကိုပေးဆပ်ပြီး ဒီမိုကရေစီ တိုက်ပွဲကို ဦးဆောင်သော ပါတီကို ထောက်ခံကြမည်လား။ မြန်မာပြည်သူ တို့ရွေးချယ်ရမည့်လမ်းနှစ်ခွသည်မကြာမီ ပေါ်ပေါက်လာတော့မည်။ ဗိုလ်ချုပ် အောင်ဆန်းပြောကြားခဲ့သလို ကျွန်သက် ရှည်မည့်လမ်းကိုရွေးမည်လား။ ကျွန်သက် တိုမည့်လမ်းကို ရွေးမည်လားဆိုသည်ကို ပြည်သူတို့ဆုံးဖြတ်နိုင်ရန်တင်ပြလိုက်ပါ သည်။

ဘသိန်းလွင်

Aye Chan Mon# Credit To :Sa Maung
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
3

Post a Comment

 
Top