0

ACM Re-Post 26-5-2014

အမေရိကန်သမ္မတ အိုဘားမားသည် အာဖဂန်နစ္စတန်သို့ မမျှော်လင့်ဘဲ ရုတ်တရက်သွားရောက်ခဲ့ကာ ကဘူးလ်အပြင်ဘက်မှ ဘက်ဂရမ်လေတပ်စခန်းသို့ မကြေညာဘဲ သွားရောက်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်များကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သမ္မတ အိုဘားမား၏ အာဖဂန်နစ္စတန် ခရီးစဉ်မှာ အမေရိကန်တွင် ကျဆုံးစစ်သားများအတွက် အမှတ်တရအောက်မေ့ဖွယ်နေ့ Memorial Day မတိုင်မီတစ်ရက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အိုဘားမားသည် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းကိုလည်း လေတပ်အခြေစိုက်စခန်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သော်လည်း ကာဇိုင်းက သမ္မတနန်းတော်တွင် တွေ့ဆုံလိုကြောင်း အကြောင်းပြန်ကြားခဲ့သည်ဟု ကန်တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဒီနှစ်ကုန်မှာဆိုရင် အာဖဂန်အစိုးရက သူတို့ရဲ့လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူတော့မှာပါ။ ကျွန်တော်တို့ရဲ့စစ်ဆင်ရေးလုပ်ငန်းတွေဟာလည်း ပြီးဆုံးတော့မှာပါ။ 6အာဖဂန်နစ္စတန်မှာ အမေရိကန်တို့ တိုက်ပွဲဝင်နေတဲ့ တာဝန်ပိုင်း ပြီးဆုံးတော့မှာဖြစ်ပါတယ်’’ ဟု အိုဘားမားက လေတပ်စခန်းမှ ကန်တပ်ဖွဲ့ဝင်များကို ပြောသည်။

ထို့ပြင် အိုဘားမားက အာဖဂန်သမ္မတရွေးကောက်ပွဲပြီးလျှင် တက်လာမည့် သမ္မတသစ်က အမေရိကန်နှင့် နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရန် အမေရိကန်ဘက်မှ ဆက်လက်စောင့်မျှော်နေမည်ဖြစ်ကြောင်းလည်း ပြောသည်။

အာဖဂန်ရှိ ကန်တပ်ဖွဲ့များမှာ လာမည့်နှစ်တွင် ဦးရေတစ်သောင်းမှ တစ်သောင်းခွဲကြားသာ ရှိတော့မည်ဖြစ်သည်။

၂၀၀၁ မှစ၍ ပြီးခဲ့သည့် ၁၃ နှစ်အတွင်း အာဖဂန်တွင် အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၂,၁၀၀ ကျော် ရှိခဲ့ပြီဖြစ်သည်။

—Ref: BBC

အာဖဂန်သို့ ကြေညာထားခြင်းမရှိဘဲ ရောက်ရှိလာသော သမ္မတအိုဘားမား (ဓာတ်ပုံ- အိမ်ဖြူတော်)

Aye Chan Mon Credit To:http://7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top