ACM Re-Post 25-5-2014
ထိုင်းနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် ကမ္ဘာ့ ထိပ်တန်း စာရင်းတွင် ပါဝင်သည် ဆိုပါက ငြင်းကြမည် မထင်။ ကမ္ဘာတစ်ဝှမ်းမှ သန်းပေါင်းများစွာသော ဧည့်သည်များသည် ဘန်ကောက်မြို့မှ ဈေးများ၊ ဘုရားများ၊ ဖူးကတ်နှင့် ပတ္တရား ကမ်းခြေ၊ ချင်းမိုင်မြို့အလှနှင့် သဘာဝ အပန်းဖြေစရာ နေရာများစွာတို့သို့ နှစ်စဉ် လာရောက်မြဲ ဖြစ်သည်။
အပျော်အပါးကို ခဏထားပြီး အလုပ်သဘော အသွားအလာကို ကြည့်လျှင်လည်း ထိုင်းနိုင်ငံ၏ ဆေးရုံပေါင်းစုံသို့ ဒေသတွင်းနှင့် ကမ္ဘာအနှံ့မှ ဆေးကုရန် ရောက်သာသူ တစ်မျိုးတည်းပင် မနည်းမနော ဖြစ်လေသည်။
သူတို့ သယ်ဆောင်လာသော စုစုပေါင်း ၀င်ငွေသည် ထိုင်းတစ်နိုင်ငံလုံး GDP ၏ ၁၀ ရာခိုင်နှုန်း ရှိလေသည်။ ၂၀၁၃ တစ်နှစ်တည်းတွင် ဒေါ်လာ ၃၅ ဘီလီယံ ရှိ၏။
ိထိုဝင်ငွေသည် ကမ္ဘာလှည့်များက တိုက်ရိုက် သုံးစွဲသွားသော တည်းခိုးခန်း ဟိုတယ် ခရီးသွားလာရေး စသည့် ကဏ္ဍများကိုသာ ထည့်တွက်ထားခြင်း ဖြစ်လေသည်။
ထိုင်းခရီးသွား လုပ်ငန်းက ခန့်မှန်းတွက်ချက်မှုများအရ သွယ်ဝိုက်သော ကဏ္ဍများ ဖြစ်သည့် အစားအစာ ထုတ်လုပ်သည့် လုပ်ငန်း ဆောက်လုပ်ရေး လုပ်ငန်း စသည်တို့ကိုပါ ထည့်ပေါင်းပါက ခရီးသွားလုပ်ငန်း ဖြစ်ထွန်းခြင်းမှ ရသည့် ၀င်ငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံ နီးပါး ဖြစ်လေသည်။ စုစုပေါင်း GDP ၏ ၂၀% ဖြစ်ပါသည်။
လပေါင်များစွာ နိုင်ငံအရေး မတည်ငြိမ်ခဲ့ပါသောကြောင့် ခရီးသွားများ ကျဆင်းလာရာ ယခုနှစ်တွင်တော့ ဆောင်ခရမ် သင်္ကြန်လဲ မစည်ကားနိုင်တော့ပါ။ ဈေးဝယ်စင်တာများလဲ ခြောက်ကပ်လာပါတော့သည်။
ထိုသို့ ပျက်စီးခြင်း စိုက်ခါစ ထိုင်းခရီးသွား လုပ်ငန်းကို စစ်အုပ်ချုပ်ရေးနှင့် အတူ ပါလာသည့် ညမထွက်ရ အမိန့်နှင့် တွဲလိုက်သောအခါ ထိုင်းစီးပွားရေးမှာ ထိတ်လန့်စရာ ထိုးကျသွားပါသည်။
မနှစ်ကထက် စာလျှင် လစဉ် ဧည့်သည် ၁၆% လျော့သွားသည်ဟု ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့က ဆိုသည်။ ယခုတော့ ကာဖျူးကြောင့် ညဈေးများ၊ ကလပ်များပါ တိတ်ဆိတ်နေရာ အခြေအနေမှာ ပိုဆိုးလာမည့် သဘော ရှိနေပါသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံရေး အားပြိုင်မှု ဆိုသည်မှာ မဆန်းသော အရာ ဖြစ်ပါသည်။ ၁၉၃၀ ပြည့်လွန် နှစ်များမှ စပြီး အာဏာသိမ်းမှု ၁၂ ကြိမ်ထက် မနည်း ဖြစ်ခဲ့ဖူးပြီ။
သို့သော် ယခုတကြိမ်တွင် အာဏာသိမ်းမှုနှင့် တွဲပါလာသော စီးပွားရေး ကျဆင်းနှေးကွေးမှုကို ထိုင်းနိုင်ငံသားတို့ ဘယ်လို ပြန်ဆွဲတင်မည်နည်း ဆိုသည်ကိုတော့ စောင့်ကြည့်ရမည် ဖြစ်ပါသည်။
Aye Chan Mon Credit To:BBC Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment