By ဒီဗွီဘီ
4 May 2014
ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့နဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တွေဟာ လိင်မှုနှီးနွယ်ရာဇ၀တ်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးအတွက် နေရာ ၇ နေရာကို စီးနင်းခဲ့ပြီး လူ ၅၈ ယောက်ကို ဖမ်းခဲ့တယ်လို့ အရာရှိတွေက မေ ၂ ရက်နေ့က ပြောပါတယ်။ လက်ပ်တော့နဲ့ ဒက်စတော့ပ် ကွန်ပြူတာ အလုံး ၂၅၀ ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
အင်တာနက် စာမျက်နှာပေါ်ကတဆင့် လိင်ပိုင်းမဖွယ်မရာလုပ်မှုတွေကို မှတ်တမ်းယူပြီး ခြိမ်းခြောက်ငွေညှစ်ဖို့ ရေခြားမြေခြား နိုင်ငံခြားသားတွေကို ဖိလစ်ပိုင် ရာဇ၀တ်သား အုပ်စုတွေက အမဲချောင်းသလို လိုက်နေခဲ့ကြတယ်။ တောင်းတဲ့ငွေမပေးရင် လိင်ပိုင်းဆိုင်ရာ ဗီဒီယိုမှတ်တမ်းတွေကို အင်တာနက်ပေါ် တင်မယ်လို့ ခြိမ်းခြောက်ခဲ့ကြတယ်လို့ ဖိလစ်ပိုင်အမျိုးသားရဲချုပ် အလန် ပုရစ်စီမာက ပြောပါတယ်။
နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုနဲ့ လက်တွဲပြီး လူမှုကွန်ယက်မီဒီယာတွေကို စောင့်ကြည့်ခဲ့တယ် အထူး ကွန်ပြူတာလိပ်စာ ip address တွေကို သုံးပြီး ငွေကြေးကိစ္စကို နောက်ယောင်ခံလိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ရာဇ၀တ်သားတွေက ဓားစာခံတွေကို လူမှုကွန်ရက်တွေနဲ့ ပြည့်တန်ဆာဆိုင်ရာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရှာခဲ့ပြီး မိတ်ဖွဲ့ခဲ့တယ် အဲဒီနောက် အင်တာနက်သုံး လိင်မှုကိစ္စ ဆိုင်ဘာဆက်စ် လုပ်ဖို့ ဖိတ်ခဲ့တယ်လို့ ပြောပါတယ်။
အသက် ၁၇ နှစ်အရွယ် ဗြိတိန် ယောက်ျားလေးတယောက် သူ့ကိုယ်သူ သတ်သေမှုအပြီး ဒီစစ်ဆင်ရေးကို စခဲ့တာလို့ စကော့တလန်ယာ့ဒ် ထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။
ဆိုင်ဘာဆက်စ် အခြေပြု ငွေညှစ်မှုကြောင့် ကျန်ခဲ့တဲ့ ၃၊ ၄ နှစ်အတွင်း ဗြိတိန်၊ အမေရိကန် ဟောင်ကောင်၊ စင်ကာပူနဲ့ သြစတြေးလျအခြေစိုက် ဓားစာခံတွေ ရာနဲ့ချီ ခံစားခဲ့ရပြီး ဖိလစ်ပိုင်ပီဆိုငွေ သန်းနဲ့ချီ ၀င်ငွေရခဲ့ကြတယ်လို့ ရဲတွေက ပြောပါတယ်။ တချို့ အုပ်စုတွေ ကတော့ နိုင်ငံခြားသားဖောက်သည်တွေကို မျှားခေါ်ရေး ဒိုင်ခံပြောဆိုဆက်ဆံဖို့ ယောက်ျားတွေ မိန်းမတွေကို ငှားထားပြီး ကွန်ပြူတာတပ်ဆင်ထားတဲ့ အခန်းငယ်တွေ အတန်းလိုက်ထဲမှာ လုပ်ငန်းကြီးတခုလို လည်ပတ်နေတယ်လို့ ဖိလစ်ပိုင်ရဲချုပ်က ပြောပါတယ်။ အင်တာပိုရဲ့ညွှန်မှူး စန်ဂျေး ဗီယာမာနီကတော့ ရာဇ၀တ်သားတွေအတွက် ပုန်းစရာနေရာ မရှိဘူးဆိုတာ ဒီစစ်ဆင်ရေးက ပြလိုက်တာပဲလို့ပြောပါတယ်။
ဖိလစ်ပိုင် အင်တာနက်သုံးရာဇ၀တ်မှု တိုက်ဖျက်ရေး အုပ်စုညွှန်မှူး ဂီလ်ဘတ် စိုစာကတော့ နောက်ယောင်ခံ လိုက်ဖို့ သံသယရှိသူတွေ ကျန်သေးတဲ့အတွက် ဒီစစ်ဆင်ရေးကို ဆက်လုပ်မယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့နဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တွေ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Aye Chan Mon# Credit To :DVB
သတင်းအစုံကို https://www.facebook.com/excellencemediaတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Post a Comment