၂၀၁၄ ခု မေလ ၁၇မြတ်ညို(အလွတ်သတင်းထောက်)
လူကုန်ကူးခံခဲ့ရသည့် မြန်မာအလုပ်သမားတစ် ဦး မဟာချိုင်လေးထပ်အချုပ် ခန်းမှ အရေးပေါ်ထုတ်၍ ဆေးရုံတင်ခဲ့ရာ ယမန်နေ့ ညနေက သေဆုံးသွား
ကြောင်းသိရှိရသည်။
သေဆုံးသွားသူမှာ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမှ အသက် ၄၂ အရွယ် ကိုဦး ဆိုသူဖြစ်သည်။ သူသည် မဟာချိုင် ၀တ်ကျက် ၅ လမ်းတွင်ရှိသော ပုဇွန်အခွံခွာသည့်အလုပ်ရုံတွင် ရောင်းစားခံနေရစဉ် MAT အဖွဲ့နှင့်ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့တို့က မတ်လ ၂၇ ရက်နေ့က ကယ်ထုတ်ခဲ့သည့် အလုပ်သမား၂၂ဦး ထဲမှ ဖြစ်သည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ဇနီးဖြစ်သူ မလေး က မြန်မာသံရုံး မှ ဖုန်းများအား ဆက်သွယ် မရရှိကြောင်း ပြောဆိုကာ MAT အဖွဲ့သို့ ဖုန်းဆက် ၍ အကူညီတောင်းခံခဲ့သည်။ MAT အဖွဲ့ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီးက “မေလ ၁၅ ရက်နေ့က ကျနော် အလုပ်သမားသံအရာရှိ ဆီကိုဖုန်းဆက်ပါ တယ်။ သံရုံးကြီးကို ဆက်လို့ပြောတာကြောင့် ကျနော် သံမှူးကြီး ကိုဖုန်း ဆက်ပါတယ်။ အလုပ်သမား သံအရာရှိနဲ့ဆိုင်တယ်ဆိုပြီးဖုန်းချသွားပါတယ် ကျနော်အလုပ်သမားသံအရာရှိဆီကို ထပ်ပြီးတော့ဆက်ပါတယ်။
သံရုံးကတစ်ယောက်ယောက်လာမှဖြစ်တော့မယ်လူနာ က နေ့လား ညလားဖြစ်နေတယ်လိုကျနော်ကရှင်းပြပြီးကူညီဖိုမေတ္တာရပ်ခံပါတယ်။ သူက မဟာချိုင်က အမျိုးသမီးကြီးတစ်ဦးကိုသွားကြည့်ခိုင်းတယ်အဲဒီအမျိုးသမီးက နောက် ထပ် တစ်ယောက်ကို ခိုင်းတယ်” ဟုပြောသည်။
သံရုံးဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများရှိသဖြင့် အပြင်တွင်ဖြစ်နေသော အလုပ်သမားကိစ္စများအား လိုက်၍ လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အလုပ် သမားကိုကူညီဖို့အတွက် ပွဲစားများမပါပဲ အမှန်တကယ်ကူညီကြသူများဖြင့် သီးသန့် ကော်မတီ တစ်ရပ် ဖွဲ့စည်းထားရန်လိုအပ်ကြောင်း ကိုခိုင်ကြီး က အကြံပြု ဆိုသည်။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MAT ဒါရိုက်တာဦးကျော်သောင်းက“ထိုင်းမှာလူကုန်ကူးမှုဥပဒေနဲလုပ်ထုံးလုပ်နည်းအားနည်းချက်တွေပါဒါ့အပြင်ကျနော်တိုအစိုးရအနေနဲပြည်ပကိုရောက်နေတဲ့သေခါနီးအလုပ်သမားတစ်ယောက်အပေါ်မှာ ဂရုမစိုက်နိုင်ဘူးဆိုတာကိုပြတာလည်းဖြစ်ပါတယ်။
ဒီအလုပ်သမားတွေကမဟာချိုင်အချုပ်ခန်းထဲမှာရက်ကြာနေပြီလူကုန်ကူးခံခဲ့ရသူတွေကို အမှုရင်ဆိုင် မယ်ဆိုရင်လည်း ကယ်ဆယ်ရေး စခန်းထဲမှာ ထားရမှာ။ ခုဟာက ရဲစခန်း အချုပ်ခန်းထဲမှာထားတာ။ ဒီအမှုတွဲက မြ၀တီ လူကုန်တားက အကူညီ တောင်းထား တဲ့အမှုတွဲဖြစ် တယ်။ နေပြည်တော်က အစိုးရလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူးဆီကို စာရေးပြီးတော့ အကျိုးအ ကြောင်း ကို တင်ပြထားပါတယ်”ဟုပြောသည်။
ထိုအလုပ်သမားများသည် ပြီးခဲ့သည့် ၂ပတ်ခန့်က အချုပ်ခန်းထဲ တွင် ရေ၀၀လင်လင် မသောက်ရ ကြောင်းသိရှိခဲ့ရသဖြင့် ရဲစခန်း ဘာ သာပြန်မှတစ်ဆင့် MAT အဖွဲ့ကေ သာက်ရေသန့်ပုလင်း များ ပေးပို့ခဲ့ေ ကြာင်း သိရ သည်။ MAT အဖွဲ့သည် လူကုန်ကူးခံရနေရ သည့် မြန်မာအလုပ် သမားများအား ကယ်ထုတ်ကြရာတွင် ထိုင်းအစိုးရ၊ မြန်မာအစိုးရနှင့် FED တို့နှင့်အတူတူ ပူးပေါင်းဆောင်ရွက်ကြသော်လည်း ကယ်ထုတ်ပြီး နောက် ပိုင်း တွင် ကယ်ဆယ်ရေးစခန်းအတွင်းအခြေအနေများနှင့် တရာစီရင်ရေး ကိစ္စ ရပ်တို့ကိုမူ သိရှိခွင့်မရရှိတော့ပေ။
ထို့ကြောင့် ကယ်ဆယ်ရေးစခန်းထဲတွင် နှစ်ချီ၍ ကြာသွားသည့် လူကုန်ကူးခံရသည့်အလုပ်သမားအချို့က ကယ် ထုတ်သည့်အဖွဲ့များအား အမြင်မကြည် လင်မှုများရှိကြကြောင်းလည်း ကြားသိ ရသည်
ရွှေလုပ်သား

Post a Comment