ACM Re-Post 28-5-2014
ဟိန္ဒားသတ္တုတွင်းမှ စွန့်ပစ်မြေစာများကြောင့် ဒေသ အတွင်း နစ်နာမှုများအတွက် ဒေသခံများက အစိုးရနှင့်ကုမ္ပဏီ အား တရားမမှုဖြင့် တရားစွဲဆိုခြင်း ကို တရားရုံးကလက်ခံလိုက်ပြီး မေလ ၂၉ ရက်တွင် ပထမဆုံး ရုံးချိန်းခေါ်ယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘နစ်နာမှုနဲ့ စွဲထားတဲ့ တရား မမှုဖြစ်ပါတယ်။ တရားရုံးက လက်ခံလိုက်တဲ့အတွက် မေလ ၂၉ ရက်မှာ ရုံးချိန်းတွေ့ဖို့ရှိပါ တယ်’’ ဟု ဒေသခံများ၏ ရှေ့နေ ဒေါ်တင်တင်သက်က ပြောသည်။
အမှတ်(၂)သတ္တုတွင်းလုပ် ငန်းမှ ကိုယ်စားလှယ် တနင်္သာရီ တိုင်းဒေသကြီး၏ သတ္တုတွင်းလုပ် ငန်းမန်နေဂျာ၊ အဆိုပါ စီမံကိန်းမှ ထွက်ရှိ လာသော စွန့်ပစ်မြေစာများနှင့် အခြားသတ္တုထွက်ပစ္စည်းများကြောင့်ယခင်ကပေ ၁၀၀ ခန့် ကျယ်ပြီးပေ ၃၀ ခန့်နက်သော မြောင်ပြိုချောင်းမှာ ကောလာပြီး ရေနေသတ္တ၀ါနှင့် အပင်မျိုးစိတ်များနည်းလာသည်။ ချောင်းကောလာမှုကြောင့် ရေကြီးရေလျှံမှုများ လည်း ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများ၏ ဥယျာဉ်ခြံမြေများ ပျက်စီးလာခဲ့ ကြောင်း ဒေသခံတို့က ပြောသည်။
‘‘ဒီနှစ်မှာ မိုးကောင်းကောင်း မရွာသေးလို့ တော်သေးတယ်။ မိုး ရွာလာရင် ရွာထဲက နေအိမ်တွေ ထပ် ပျက်စီးနိုင်လို့ ရွာသားတွေက စိုးရိမ်နေကြတယ်။ ပြီးတော့ သောက်ရေမှာလည်း သံချေးအနံ့ တွေ ဖြစ်နေတယ်။ ကုမ္ပဏီက ချောင်းလာဖော်ပေးနေတယ်’’ ဟု မြောင်းပြိုကျေးရွာမှ ဒေသခံတစ် ဦးက ပြောကြားသည်။
အဆိုပါ သတ္တုတွင်းမှ နောက်ကျိသော ချောင်းရေများသည် မြောင်းပြို၊ ကင်ပွန်းချုံ၊ ဟိန္ဒား၊ဘန်းချောင်းမှတစ်ဆင့် တောင်သုံးလုံး၊ ရွှေချောင်း၊ ဟိန္ဒူချောင်းမှတစ်ဆင့် တနင်္သာရီမြစ်အတွင်း စီးဝင်နေသည်။ စွန့်ပစ် မြေစာများ ချောင်းအတွင်းသို့ မကျစေရန် အဆိုပါကုမ္ပဏီမှ မြောင်းပြိုကျေးရွာအနီးနှင့် အောက်ဟိန္ဒားကျေးရွာအနီးတွင် ရေကန်ပိတ်ပေးသော်လည်း စွန့်ပစ်မြေစာများနှင့် ရေဆိုးများမှာ မိုးရာသီတွင် ကျလာကြောင်းဒေသခံများက ပြောသည်။
သတ္တုတွင်းကုမ္ပဏီ၏ သဘာဝပတ်ဝန်းကျင်လိုက်နာမှု မရှိခြင်းကြောင့် ဒေသခံဆယ်ဦး၏ လယ်ယာမြေများနှင့် ဥယျာဉ် ခြံမြေများ၊ နွားစားကျက်များ ပျက်စီးမှုတန်ဖိုးမှာ ကျပ်သိန်းသုံး ထောင်ကျော်ရှိကြောင်း၊ အဆိုပါ ပြဿနာကို ဖြေရှင်းပေးရန် ဇွန် လနှင့် ဇန်န၀ါရီတို့တွင် အစိုးရနှင့် ကုမ္ပဏီသို့ အကြောင်းကြားစာ ပို့ခဲ့သော်လည်း မည်သို့မျှ အ ကြောင်းပြန်ခြင်း မရှိသောကြောင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘တရားစွဲဆိုပိုင်ခွင့်ရှိတယ်။ ပွင့်လင်းတဲ့ခေတ်ကိုး။ ၀န်ကြီး ဌာနအနေနဲ့ ဘာမှပြောစရာ မရှိ ပါဘူး။ ကုမ္ပဏီကတော့သူမှာ အပြစ်မရှိကြောင်း ပြန်လည် လျှောက်ထားမှာပါ။ ကျွန်တော် တို့ကလည်း ဒီအတိုင်းလက်ခံ ထားတာ မဟုတ်ပါဘူး။ လိုက်နာ ရမယ့် စည်းကမ်းတွေ စာချုပ်တွေ နဲ့ လက်ခံထားတာပါ’’ ဟု သတ္တု တွင်းဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝင်းထိန်က ပြောသည်။
အစိုးရ တာဝန်ယူလုပ်ကိုင် စဉ်က သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု မရှိခဲ့သော်လည်း၁၉၉၉ ခုနှစ် အဆိုပါ ကုမ္ပဏီလုပ် ကိုင်ခဲ့သည့် နှစ်မှစ၍ စွန့်ပစ်မြေ စာများကြောင့် ပတ်ဝန်းကျင် ဒေသရှိ ကျေးရွာများတွင် သန့်စင် သည် သောက်သုံးရေ ရရှိမှု ခက်ခဲ သည်ဟု သတင်းရရှိသည်။
ဟိန္ဒားသတ္တုတွင်းမှ စွန့်ပစ်မြေစာများကြောင့် တိမ်ကောသွားသော မြောင်ပြိုချောင်းအတွင်း ကလေးငယ်တစ်ဦး ဖြတ်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − DDA)
Aye Chan Mon Credit To:http://www.7daydaily.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment