0

ACM Re-Post 28-5-2014
သတင်း၊ ကိုတိုးကြီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မုံရွာပြည်သူ့ဆေးရုံကြီးတွင် မေလ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၁၅ မိနစ်အချိန်က မိဘမဲ့ကလေး အယောက်(၂၀)သည် ၀မ်းပျက်၊ ၀မ်းလျောရော ဂါဖြင့် ဆေးဝါးကုသမှုခံယူရန် ရောက်ရှိလာကြောင်း မှုခင်းဆေးစာဌာနမှ သိရသည်။
အဆိုပါ မိဘမဲ့ကလေးငယ်များသည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ထနောင်ကုန်းကျေးရွာရှိ မိဘမဲ့ ပရဟိတဂေဟာမှ ကလေးငယ်များဖြစ်သည်။ ထိုနေ့မနက်ပိုင်က ၎င်းကလေးငယ်များသည် မကြာ ခဏ ၀မ်းလျောပြီး ၀မ်းလျောချိန်မှာ တစ်ကြိမ်နှင့် တစ်ကြိမ် မိနစ်ခန့်မျှသာ အချိန်ခြားပြီး ဖြစ်ပေါ်နေသည့်အ တွက် နာယက ဆရာတော် ဥူးကောင်း ကိုယ်တိုင် မုံရွာပြည်သူ့ဆေးရုံကြီးသို့ အချိန်မီပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
မုံရွာပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများမှ အဆိုပါ ကလေးငယ်များ၏ ရောဂါလက္ခဏာအား စီစစ် ၍ ကလေး(၁၂)ယောက်အား အတွင်းလူနာအဖြစ် လက်ခံခဲ့ပြီး ဆေးဝါးများကုသမှုပေးလျက်ရှိသည်။ ကျန်က လေး (၈)ယောက်အား လိုအပ်သည့်ဆေးဝါးများပေး၍ အပြင်လူနာအဖြစ်နှင့်သာ လက်ခံဆောင်ရွက်ခဲ့ ကြောင်း မှုခင်းဆေးစာဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားကြောင်း သိရသည်။
ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိသော ကလေးငယ်များ သည် ယောက်ျားလေးများဖြစ်ကြပြီး အသက်(၅)နှစ်အရွယ်မှ (၁၃)နှစ်အရွယ်ထိပါဝင်ကြောင်း သိရှိရသည်။

Aye Chan Mon Credit To:ကိုတိုး ချင်းတွင်း
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top