မဇ္ဈိမသတင်းဌာနACM Re-Post 25-5-2014
“စစ်အစိုးရ ထွက်ပေး” ၊ “အာဏာသိမ်းမှု အဆုံးသတ်ပေး” အစရှိသည့် ပိုစတာကြီးများကို ကိုင်ဆောင်ထားကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ကုန်တိုက်တစ်ခုရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့်
ဒါဇင်ပေါင်းများစွာ အရေအတွက်ရှိသည့် ဆန္ဒပြသူများထဲမှ အနည်းဆုံး နှစ်ဦးကို စစ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ထိုနေရာတွင် ရောက်ရှိနေသည့် အေဖက်ပီ သတင်းထောက်က သတင်းပေးပို့ကြောင်း အေဖက်ပီသတင်းဌာနက ရေးသားထားသည်။
ဒဏ်ရာရကာ သွေးထွက်နေသော အမျိုးသားတစ်ဦးကို စစ်သားများက တရွတ်တိုက် ဆွဲခေါ်သွားခဲ့ကြောင်း နှင့် အခြားဆန္ဒပြသူများက စစ်သားများကို အော်ဟစ်လှောင်ပြောင်ခဲ့ကြသည်ဟု ဆိုသည်။
မတည်မငြိမ်မှုများ ပိုမိုအရှိန်မြင့်လာစေမည့် သွေးထိုးလှုံ့ဆော်မှုမျိုး လူမှုမီဒီယာ များတွင် မပြုလုပ်ကြရန် မေလ ၂၅ရက်တွင် ထိုင်းစစ်အစိုးရက သတိပေးချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
ယခုဆန္ဒထုတ်ဖော်ခြင်းသည် ထိုင်းနိုင်ငံတွင် မေလ ၂၂ရက်က စစ်တပ်က အာဏာသိမ်းကြောင်း ကြေငြာပြီးသည့်နောက် အကြီးမားဆုံး ဆန္ဒထုတ်ဖော်ခြင်းလည်းဖြစ်သည်။
ဓာတ်ပုံ- EPA
ACM Credit To: Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment