0
လူသည် မိမိပေါင်းသင်းသည့်
ပုဂ္ဂိုလ်အပေါ်မူတည်၍ တိုးတက်မှု၊
ဆုတ်ယုတ်မှု၊ အောင်မြင်မှု၊
ကျရှုံးမှု၊ ချမ်းသာမှု၊ဆင်းရဲမှုတို့ဖြစ်ရ၏။
အရည်အချင်းမရှိသူ၊ အကျင့်မကောင်းသူနှင့်
ပေါင်းလျှင် ဆုတ်ယုတ်၏။ ကျရှုံး၏။ ဆင်းရဲ၏။

အရည်ချင်းရှိသူ၊ အကျင့်ကောင်းသူနှင့် ပေါင်းသင်းသော်
တိုးတက်၏။ ကြီးပွား၏။ အောင်မြင်၏။ ချမ်းသာ၏။
သို့ဖြစ်၍၊ ကြီးပွား၊ တိုးတက်၊ အောင်မြင်၊ ချမ်းသာ
လိုသူတို့သည် “အသေဝနာစ ဗာလာနံ၊
ပဏ္ဍိတာနဉ္စ သေဝနာ”မင်္ဂလာနှင့်အညီ
အရည်အချင်းမရှိသူ၊ အကျင့်မကောင်းသူများကို
ရှောင်ကြဉ်၍ အရည်အချင်းရှိသူ၊ အကျင့်ကောင်းသူများနှင့်သာ
ပေါင်းသင်းဆက်ဆံရမည်။

-【လေးအိမ်စု အရှင်ဝိစိတ္တသာရ】

Aye Chan Mon Credit To: Young Buddhist's Association
http://www.ayechanmon-news1.com/

Post a Comment

 
Top