ACM Re-Post 25-5-2014
ဆယ်ကျော်သက် ဘဝကတည်းက စတင်နာမည်ကြီးလာသည့် အခြားသော အမေရိကန် လူငယ်ကြယ်ပွင့်များနှင့် သူမကို ခိုင်းနှိုင်းနေခြင်းအား မနှစ်သက်ကြောင်း ဘယ်လာသွန်းက ပြောကြားခဲ့သည်။ အသက်(၁၆)နှစ်ရှိ အဆိုတော် မင်းသမီးလေးအား မိုင်လီဆိုင်းရပ်စ်၊ ဆယ်လီနာဂိုမက်ဇ်တို့နှင့် နှိုင်းယှဉ်မှုများ ရှိနေသလို ဟီလာရီဒပ်ဖ်၏ ငယ်ဘဝ နေ့ရက်များကို အမှတ်ရစရာ ဖြစ်နေကြောင်းလည်း ပရိသတ် အချို့က သုံးသပ်ခဲ့သည်။ သို့သော်လည်း Disney Channel၏ ကြယ်ပွင့်သစ်လေးက သူမသည် မည်သူ့ကိုမျှ ကိုးကား အတုယူနေမည် မဟုတ်သလို ဆယ်လီနာဖြစ်စေ၊ မိုင်လီဖြစ်စေ မည်သည့် နာမည်ကျော်ကမျှ သူမ၏ အနုပညာ ဘဝတွင် လွှမ်းမိုးနိုင်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ဘယ်လာက အနုပညာရှင်တိုင်းသည် ကိုယ်ပိုင်လမ်းကြောင်း တစ်ခုနှင့် ချီတက်နေခြင်းဟု ယုံကြည်ကြောင်း ဆိုသည်။
“ကျွန်မကို တစ်ယောက်ယောက်နဲ့ အလားအလာချင်း ဆင်တူပါတယ် ဆိုတာမျိုး ပြောလာရင် လက်ခံမှာ မဟုတ်ပါဘူး။ မိုင်လီက ဒီလမ်းကို အလိုရှိမယ် ဆိုပါတော့၊ ဆယ်လီနာကတော့ ဒီလမ်းကနေ သွားလိမ့်မယ်။ ကျွန်မက အလယ်လမ်းက သွားတာလည်း ဖြစ်ချင် ဖြစ်မှာပဲ”ဟု ဘယ်လာက Billboardသို့ ပြောကြားခဲ့သည်။ သူမက “နှိုင်းစရာတွေက တကယ်တော့ မလိုအပ်ပါဘူး။ ကျွန်မဟာ ကျွန်မကိုယ်တိုင်သာ ဖြစ်ပါတယ်။ ကျွန်မ ဆိုဖူးတဲ့ သီချင်းက Call It Whateverပါ။ ကျွန်မကို ဘယ်သူဘယ်ဝါရဲ့ ပုံတူ ဆိုတာမျိုး ကြိုက်သလို ခေါ်နိုင်ပါတယ်၊ ကြိုက်သလို သတ်မှတ်နိုင်ပါတယ်။ ကျွန်မကတော့ ဂရုစိုက်နေမှာ မဟုတ်ဘူး”ဟုလည်း ယတိပြတ် ပြောဆိုသွားသည်။
သူမက Call It Whatever သီချင်းနှင့် ပတ်သက်ပြီး “ဒီသီချင်းက ကျွန်မရဲ့ လူငယ်ပိုင်း ပရိသတ်အတွက် အဓိက ရည်ရွယ်ပါတယ်။ ကျွန်မဟာ လူငယ်ပရိသတ်တွေကို မျက်ကွယ်မပြုနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ အယ်လ်ဘမ်ကတော့ နည်းနည်းပိုပြီး ရင့်ကျက်တဲ့ အခြေအနေကို ဦးတည်ထားပါတယ်။ Indieဆန်ဆန် သီချင်းတွေကို ပိုပြီး အားသန်လာတယ်။ Hip Hopနည်းနည်းရောမယ်။ ပြီးတော့ အကပိုင်းကို အသားပေးတဲ့ သီချင်းတွေကိုလည်း ကျွန်မကြိုက်တယ်လေ”ဟု မှတ်ချက်ပေးသွားသည်။
ACM Credit To: Planet Myanmar Network
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment