0


မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၏အမှုဆောင်သစ်များ ပြန်လည်ရွေးချယ် တင်မြှောက် ပွဲကိုမကြာခင်ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါအမှုဆောင် သစ်များပြန် လည်ရွေးချယ်တင် မြှောက်ပွဲတွင်ရုပ်ရှင်လောကသားများ အားလုံးစည်းလုံးစွာနဲ့ ဝိုင်းဝန်းပါဝင်ပေးစေလိုကြောင်းကို ရုပ်ရှင်အစည်းအရုံး ၏ နာယကတစ်ဦးဖြစ်သူ စည်သူဗိုလ်ကလေးတင့်အောင်က ” ရုပ်ရှင်တို့ဂီတတို့အနုပညာ သမားတွေဟာဟိုးအရင်ခေတ်ကာလတွေတုန်းက စည်းစည်းလုံးလုံးမရှိကြဘူး။ ဒါကအခြေခံပြော တာနော်။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီးတော့ ဒီလိုပဲဘာသီဘာသာအေးအေးဆေးဆေးပဲနေကြတယ်။ နောက်ကျတော့ ခေတ်က ပြောင်းလာတဲ့အ ချိန်မှာစည်းလုံးခြင်းဆိုတဲ့ သဘာ ဝလေးကို နားလည်လာကြ ပြီးတော့တို့တွေတော့ စည်းလုံးမှဖြစ်မယ်။ အကုန်လုံး တိုင်တိုင်ပင်ပင်နဲ့ လှုပ်ရှားရတာကောင်း တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ လုပ်လာတဲ့အခါ ကျေ တာ့ ဂီတမှာလည်း အစည်းအရုံးအဖွဲ့အစည်းဆိုတာရှိတယ်။ရုပ်ရှင်မှာ လည်းရှိတယ်။ စာပေမှာလည်း ရှိတယ်။ ဝမ်းသာစရာကောင်းပါတယ်။

အဲဒီအသင်းအဖွဲ့တွေကို စုစည်းတဲ့အခါမှာ ဘဘတို့ ကိုယ်တိုင်လည်း ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဦးစီးနာယကလုပ်ပြီးေ တာ့ ဆောင် ရွက်ခဲ့ တာတွေလည်း အများကြီးပါပဲ။ နောက်ကိုယ်က အနားယူသင့်တဲ့အသက်အရွယ်ကို ရောက်တဲ့အချိန်မှာလည်း နာယက အ နေနဲ့အကြံဥာဏ်ေ ပးပြီးေ ဆာင် ရွက်ခဲ့တယ်။ အဲဒီအတိုင်းပဲ အခု ဆောင်ရွက်ခဲ့တာ။ ရုပ်ရှင်မှာရော၊ ဂီတမှာပါ နာယကတစ်ဦး အနေနဲ့ဆောင်ရွက်နေပါ တယ်။ ဆောင်ရွက်နို င်တဲ့ပုဂ္ဂိုလ်များ အား ကြိုးမာန် တက် ဆောင် ရွက်ကြပါ။ တဖွဖွ တိုက်တွန်းနေရတယ်။ မလုပ်ချင်ကြဘူး။ တာဝန်မယူချင်ကြဘူးပေါ့။ တာဝန်မယူ ချင်လို့ကောဖြစ်မ လားဆိုတော့လည်း တစ်ခါတစ် ခါ ကျတော့ မဖြစ်ပြန် ဘူး။ ဒါကြောင့်ပဲလူ တော်တော်များများဟာ ကိုယ့်အလုပ်မအားတဲ့အထဲကနေပြီး တော့စည်းရုံးရေးနဲ့ အစစအ ရာရာ ကွပ်ကဲမှုတာဝန်တွေကို ထမ်းဆောင်နေကြ ရတဲ့ သဘောလို့ ပြောချင်တယ်။

ဒါကြောင့်မို့ ဒီနှစ်မှာလည်းတာဝန်ယူ ဆောင်ရွက်နိုင်ဖို့ အတွက်ကိုယ့် ကိုယ်ကိုယ်အဆိုပြုရတယ်။ ဘယ်သူကတော်ပါတယ်ဆိုတာ အကုန်လုံးက ဝိုင်းမြှောက်လို့ရတာ မဟုတ်ဘူး။

လူတိုင်းလူတိုင်းကတာဝန်ယူပါ့မယ်ဆိုပြီးလုပ်ရတာ။ အခုနှစ်လည်း ဒီလိုပဲလုပ်ကြဖို့အလွှာအသီးသီးက (၁ဝ) ဦးလောက်ရှိတယ်။ ဘဘတို့ကတော့ အ သ က်ကြီး လာတော့အချိန်သိပ်မပေးနိုင်တဲ့အတွက်နာယကထဲက တစ် ယောက် မောင်နှင်းမိုးကို လုပ်ပါဆိုပြီးဝိုင်းပြီးတောင်း ပန်ပြီး တော့ရွေးချယ် တင်မြှောက် ပွဲကော် မတီ မှာ ဥက္ကဋ္ဌအဖြစ်နဲ့လုပ်ခိုင်းရတယ်။

အခုတော့ ကြိုး စားပန်းစားနဲ့လုပ်နေတယ်လို့ ကြားတယ်။ အကြောင်းအရာ လေးတွေလည်းဘဘဆီကို လှမ်းလှမ်းပြောပါတယ်။ ဘဘတို့အနေနဲ့ကတော့ စည်းစည်း လုံးလုံးကြိုးကြိုးစားစားလုပ်မယ့် သူတွေပါဝင်လာပါစေလို့ ဆုတောင်းရတာပဲ။ ရုပ်ရှင်ဆိုတာကအတတ်ပညာ၊ အသိပညာ၊ အနုပညာနဲ့ စီးပွားရေးက ပူးတွဲပါပြီး သားဖြစ်တယ်။

အဲဒီတော့တာဝန်ပိုကြီးတယ်။ တစ်ခါတစ်ခါစီးပွားရေးသမားတွေက ဝင်ဝင်လာပြီးတော့ အနှောင့်အယှက်ပေးချင်ကြတာတွေရှိပါတယ်။ ဒါအပြစ် မပြော ပါဘူး။ ဒါလည်း သူ့ဟာသူရှာကြလည်း ရှာကြပေါ့။ သို့သော်အစည်း အရုံးကြီး ပျက်ပြားအောင်တော့မလုပ်သင့်ဘူး လို့ ထင်တယ်။ တို့နိုင်ငံရဲ့ ဂုဏ် ယူဖွယ်ကောင်း တဲ့ရုပ် ရှင်၊ ပြဇာတ်အစည်းအရုံးကြီးဆိုတာ အခုမှလုပ် တာမဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းသက်ရှိ ထင်ရှားရှိစဉ်ကာလ ကတည်းက သူကိုယ်တိုင်ပဲ ကြပ်ကြပ်မတ် မတ် နဲ့ဆောင် ရွက်ခဲ့တဲ့လုပ် ငန်းရုပ်ရှင်ပိုင်းဆိုင် ရာတို့ရဲ့အဘိုးတွေ၊အဘွားတွေပုဂ္ဂိုလ် အများအပြားကလည်း ဒီအတိုင်းပဲ။ ကိုယ်ကျိုးစွန့်ပြီးဆောင် ရွက်ကြရတာပဲ။ အစည်းအရုံး ကြီးရဲ့ ဂုဏ်ကျက် သရေကို နိမ့် ပါးစေ အောင်တော့မလုပ်သင့်ဘူးလို့ထင်တယ်။

ဆန္ဒပြတာတွေ၊ ဘာတွေ၊ ဒါတွေက ဘာမှ ထိရောက်တာလည်း မဟုတ်ဘူး။ မထိရောက်ဘဲနဲ့ခြေလှမ်းတန့် သွားအောင်လို့ ကလန့်တဲ့ သဘောပဲ။ နာမည်လေးတစ် စွန်း တစ်စနဲ့ ထိခိုက်သွားအောင်လုပ် တဲ့သေ ဘာပဲ။တကယ်လုပ်လို့ရ လားဆိုတော့မရပါဘူး။ ဟုတ်မှ မဟုတ်ဘဲ မမှန် မကန်အလုပ်ကို မလုပ်သင့်ဘူးလို့ထင်တယ်။ မလုပ်ကြ ပါနဲ့လို့လည်း တောင်း ပန်ချင်တယ်။ ဘဘတို့ အနေနဲ့ က အသက်ကြီးပါပြီ။

ရုပ်ရှင် အစည်းအရုံးကိုတို့ရဲ့အဘိုး၊အဘွားတွေတည်ထောင် ပေးသွားတာ။ ဗိုလ်ချုပ်အောင် ဆန်းကိုယ်တိုင်တည်ထောင် ပေးသွားတာ။ ဒါကြီးကို မဖျက်ကြပါနဲ့ ခြေမထိုးကြပါနဲ့ ဝိုင်းဝန်းပြီးတော့ ကူညီကြပါ။ အားပေးကြပါ လို့ပဲပြောချင် တယ်။ရှင်းရှင်းပြောရရင်စီး ပွားရေးသမားတွေ မဝင်စေချင်ဘူး။ မဝင်လို့လည်းမရဘူး။ အနုပညာသမားက အနုပညာစိတ်ပဲရှိ တယ်။ ဒါကြောင့် အားလုံး ဝိုင်း ဝန်းပြီးတော့ ရုပ်ရှင်ဆိုတာ ဖား တစ် ပိုင်းငါးတစ်ပိုင်းလိုပဲ အတတ်ပညာ၊အနုပညာလည်း ပါရဲ့။စီးပွားရေးကျွမ်းကျင်မှုကလည်းပါရဲ့။ ဒီနှစ်ခုပေါင်းမှ ရုပ်ရှင်ဆို တာကောင်း တာကိုး။ အဲဒီတော့လုပ်ကြပါ။ ပါဝင်ကြ ပါ။ သို့သော်မဖျက်ဆီးပါနဲ့၊ မနှောင့်ယှက်ကြပါနဲ့။ လူတော်လူ ကောင်းတွေများ များပါဝင်ပြီး တော့ကောင်းကောင်းဆောင် ရွက်ကြပါလို့တောင်းပန်ချင်တယ်။

ရွေးကောက်ပွဲမှာ သန့်သန့်ရှင်းရှင်းစိတ်ထားကောင်းကောင်းနဲ့ဝင်ကြပါ။ ဒါဟာ တကယ်ပြောရလို့ရှိရင် ကိုယ်တိုင် ကိုယ်ကျလုပ်ဆောင်ပေးရတဲ့ သဘောပဲ။ ဒါကလည်း တစ်ပြားမှရတာမဟုတ်ဘူး။ အမှားအယွင်းလုပ်မိသွားခဲ့ရင်လည်း အပြစ်တင်ခံရဦးမှာ။ ဒီတော့ ကောင်းကောင်းလုပ်တာကို လည်းအားပေး အားမြှောက် ပြောပြီးတော့ ချိုချို သာသာနဲ့ ပြောကြလုပ်ကြပါ။ ပါဝင်ကြတဲ့ သူတွေလည်းပဲစည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းပြီး ဆောင် ရွက်ကြပါလို့ပြော ချင်တယ်။ မီဒီယာတွေကလည်းဝိုင်းဝန်း ပြီးတော့ေ ကာင်းနိုးရာလမ်း ကို ဆောင်ရွက်ပေးကြပါ” ဟုပြောပြခဲ့ပါတယ်။

သိမ့်သိမ့်

Aye Chan Mon# Credit To : Popular Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top