မင်းအောင်ခိုင် ၊ ကျောက်ဖြူ၊ မေ ၂
ရခိုင်တိုင်းရင်းသား များအချင်းချင်း စည်းလုံးညီညွတ်ကြရန် လို အပ်ပြီး မခံချင်သည့် စိတ်ဓာတ်တစ်ခုတည်း နှင့် လုပ်ဆောင်မည်ဆိုလျှင် ဥပဒေအရ အ ရေးယူခြင်းကိုခံရမည်ဟု မေ ၁ ရက်က ပြု လုပ်သော ရခိုင်အမျိုးသား ညီလာခံနောက် ဆုံးရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားခဲ့သည်။
ရခိုင်အမျိုးသားညီလာခံကို ရခိုင် ပြည်နယ် ကျောက်ဖြူမြို့၌ ဧပြီ ၂၇ ရက် တွင်စတင်ခဲ့ပြီး မေ ၁ ရက်အထိ ကျင်းပခဲ့ ရာ သူရဦးရွှေမန်းက ညီလာခံသို့ တက် ရောက်လာကြသော ရခိုင်တိုင်းရင်းသားများ ကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
ယင်းက ''ကျွန်တော်တို့ တိုင်းရင်း သား ရခိုင်ပြည်သူများအနေနဲ့ ဥပဒေစည်း ကမ်းတွေကို သိရှိဖို့လိုအပ်ပြီးတော့ ဥပဒေ စည်းကမ်းလိုက်နာဖို့ လိုတယ်။ ဒီကနေ့ အ ရာရာဟာ ဥပဒေအလိုအရ ဥပဒေအတိုင်း သာ ပညတ်ထားတာ ဖြစ်ပါတယ်။ အမိန့် ပေးအုပ်ချုပ်တဲ့ခေတ် ညွှန်ကြားချက်နဲ့ အုပ် ချုပ်တာ မဟုတ်တော့ဘူး။ ဥပဒေနဲ့အညီ အုပ်ချုပ်တာဖြစ်တယ်။ မခံချင်တဲ့ စိတ်တစ် ခုတည်းနဲ့ ထပြီးလုပ်မယ်ဆိုရင် ဥပဒေနဲ့မ ညီ စည်းကမ်းနည်းလမ်းမရှိဘူးဆိုရင် ဘယ် လောက်ပဲ ကိုယ့်ဘက်က စေတနာကောင်း ကောင်း ဥပဒေအရ အရေးယူခြင်းကို ခံရ မယ်။ အရေးယူခြင်းကို ခံရပြီဆိုတာနဲ့ ပထမ ဆုံး ကိုယ်စခံရပြီးနောက် ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးသားချင်း အားလုံးခံရတော့တာ ပဲ''ဟု ပြောကြားခဲ့သည်။
ရခိုင်တိုင်းရင်းသားများသည် ပြဿနာတစ်ခု ဒုက္ခတစ်ခုတွေ့သည်နှင့် ယင်းပြဿနာသည်ခက်ခဲသည် ယင်းကြောင့် မလုပ်တော့ပါဘူးဆိုပြီး လက်မှိုင်ချ၊ လက် မြှောက်အရှုံးပေး၍မဖြစ်ကြောင်း၊ ရခိုင်တိုင်း သားများရဲ့ အန္တရာယ်နှင့် ခက်ခဲ့သည့်ပြဿ နာကို ရခိုင်တိုင်းရင်းသားများအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ဆောင် ရွက်မည်ဆိုလျှင် ယင်းအခက်အခဲကို ကျော် လွှားနိုင်မည်ဟု မိမိအနေဖြင့်ယုံကြည်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ကြရာတွင် ရခိုင်တိုင်း ရင်းသားများအနေဖြင့် ဆင်ခြင်ဖို့ လိုအပ် သည့် အကြောင်းအရာများလည်းရှိကြောင်း၊ မိမိတို့ တိုင်းရင်းသားများ၏ စိတ်ဓာတ်များ သည်လည်း အများအကျိုး၊ ပြည်နယ်အ ကျိုးကို သယ်ပိုးဆောင်ရွက်လိုသည့် စိတ် ဓာတ်များ မွေးမြူရန်လိုအပ်ကြောင်း သူရ ဦးရွှေမန်းက ပြောသည်။
ဆက်လက်၍ ယင်းက ''တချို့ ကိစ္စတွေမှာ သည်းခံပြီးတော့ ဆင်ခြင်တုံ တရားနဲ့ မလုပ်မိတဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသား၊ ကျွန်တော်တို့ပြည်နယ် နာ မည်ပျက်ရမယ့် အနေအထားရှိတယ်။ ဒါတွေ မလိုလားဘူး''ဟု ပြောကြားခဲ့သည်။
ရခိုင်အမျိုးသား(ကျောက်ဖြူ) ညီလာခံတွင် မြို့နယ်အသီးသီးမှ တင်ပြခဲ့ သည့် စာတမ်းများကိုဆွေးနွေးကာ အကောင် အထည်ဖော်ဆောင်ရွက်ရန် မူဝါဒလမ်းစဉ် များအဖြစ် ချမှတ်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြုပြင်ရန် ခက်ခဲ သည့်အခန်းကဏ္ဍများကို ခဏထားပြီး ပြုပြင်ရန်လွယ်ကူသည့် အချက်များဖြစ် သော ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ များတွင် တိုင်းနှင့်ပြည်နယ်ရှိ တိုင်းရင်း သားကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေး ကိုယ်တာတစ်ခုအဖြစ် သတ်မှတ်ပေးရေး ကိုလည်း မူဝါဒတစ်ခုအဖြစ် သတ်မှတ်ထား ကြောင်း၊ အစိုးရအဖွဲ့အစည်းတွင်သာမက တရားစီရင်ရေးနှင့် ပြည်ထောင်စုအဆင့် ဥပမာစာရင်းစစ်အဖွဲ့လို နေရာများတွင်လည်း ကိုယ်တာတစ်ခုအဖြစ် သတ်မှတ်ပေးဖို့ မူ ဝါဒချမှတ်ပေးထားကြောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်ကို သက် ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်များက ရွေးချယ်ပြီးတော့ တိုက်ရိုက် တင်မြှောက်နိုင်ရေးကိုလည်း မူဝါဒတစ်ခု အနေဖြင့် တင်ပြထားကြောင်း သိရသည်။
ယင်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကိုလည်း တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအောက် တွင် ထည့်သွင်းရေးကိုလည်း မူဝါဒချမှတ် ထားကြောင်း ညီလာခံနောက်ဆုံးရက်တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်က ပြောကြားခဲ့သည်။
--------------------------------------------------------------------------
Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၇
Aye Chan Mon# Credit To : Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment