0

မြင်းခြံ ၊ မေ ၎

မြင်းခြံမြို့၊ အမှတ် (၁၉) ရပ်ကွက်သည်လွန်ခဲ့သောနှစ် (၃၀) ကျော်က စက်ရေတွင်းများ တူးဖော်ရန် ခက်ခဲသဖြင့် လက်တွင်းခေါ် အုတ်ရေတွင်းများတွင်သာ ပုံးများဖြင့် ခပ်ယူသုံးစွဲရသောရပ်ကွက်ဖြစ်သည်။ ယခုအခါ စက်ရေတွင်းများ တူးဖေါ်သုံးစွဲနေပြီဖြစ်သောကြောင့် အများအသုံးပြုခဲ့သော ရေတွင်းများသည် သုံးစွဲသူမရှိတော့၍ ရေတွင်းအချို့မှာ ရေခန်းခြင်း၊ ရေတွင်းဘေးနံရံများ ပေါက်ကာ မြေများပို့ခြင်းတို့ကြောင့် ရေခန်းခြင်းများဖြစ်ကုန်ကြသည်။

ထိုသို့ရေတွင်းပျက်များထဲမှ ရေတွင်းပျက်တစ်တွင်းသည် လမ်းပေါ်တွင်ရှိခြင်း၊ ရေတွင်းအမြင့်မှာလည်း မြေပြင်မှ တစ်တောင်ခန့်သာရှိခြင်း၊ အမိုးများမရှိတော့ခြင်း တို့ကြောင့် ဤလမ်းအားသွား လာနေသေလူများနှင့် တိရစ္ဆာန်များအတွက် မတော်တဆကျ၍ အန္တရာယ်ရှိနိုင်ပါသည်။ ရေတွင်းအနီး နေထိုင် သူတစ်ဦးမှလည်း ဤရေတွင်းသည် ရေချို သဖြင့် ယခင်က သုံးစွဲသူများပြားကြောင်း၊ ယခု ရေတွင်းပေါက်၍ မြေများပို့ကာ ရေများ မရှိသဖြင့် သုံးစွဲသူမရှိတော့ကြောင်း၊ စက်တွင်းများသာ သုံးစွဲကြောင်းတို့ကြောင့် ရေတွင်းပျက်အား သက်ဆိုင်ရာမှ လူနှင့်တိရစ္ဆာန်များ အန္တရာယ်ကင်းစေရေးဆောင်ရွက်ပေးစေလိုပါသည်။

Aye Chan Mon# Credit To : MOI Webportal Myanmar
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top