0

ACM Re-Post 30-5-2014

နေပြည်တော်၊ မေ၂၉- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် နေပြည်တော် သီရိငါးမြို့နယ်တွင် ပုဒ်မ-၄၃၆ပြင် ဆင်ရေးထောက်ခံလက်မှတ်ရေးထိုး ပွဲများကို မေ ၂၇ ရက်နေ့က ပြုလုပ် ခဲ့ပြီးနောက် နေပြည်တော် ကောင် စီနယ်မြေ မှ ကျန်မြို့နယ်များဖြစ်သည့် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်များသို့ ဇွန် ၁ရက် နေ့တွင်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုမြို့နယ်များရှိအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးများတွင်မေ၂ရရက်နေ့မှစပြီး ပုဒ်မ-၄၃၆ပြင်ဆင် ရေး ထောက်ခံလက်မှတ်များကို ရယူ လျက်ရှိရာ ပျဉ်းမနားမြို့နယ် ရုံးတွင် လူ၁၀၀ဝခန့်အထိ ထိုးပြီးဖြစ်ကြောင်း သိရသည်။

ဇွန် ၁ရက်တွင် လယ်ဝေး မြို့နယ်မှစတင်၍ ထောက်ခံကြောင်း လက်မှတ်ရေးထိုးရန် ဒေါ်အောင်ဆန်း စုကြည်ကိုယ် တိုင်ဟောပြော သွား မည်ဖြစ်သည်။ လယ်ဝေးတွင် ဟော ပြောပြီးနောက် ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်များသို့ ဆက်လက် သွားရောက်ဟောပြော မည်ဖြစ် သည်။

ဟောပြောပွဲများမတိုင်မီရက်များ တွင် သက်ဆိုင်ရာမြို့နယ် အဖွဲ့ချုပ် များ အစီအစဉ်ဖြင့် စည်းရုံးလှုံ့ဆော် ရေးများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

KMG(Shan Tae)

[--Democracy today Daily Newspaper--]

Aye Chan Mon Credit To: Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top