0


မန္တလေး၊ ACM Re-Post 30-5-2014

ပန်းမြို့တော်ဟု တင်စားခေါ်ဝေါ်ပြီး စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များ တည်ရှိရာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် တရားလွှတ်တော် ရှေ့နေတစ်ဦးက မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ တရားစီရင်ရေး မမှန်ကန်မှုများအတွက် တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း ပြင်ဦးလွင်မြို့ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်တရားရုံးတို့မှ ခရိုင်တရားသူကြီးများ၊ မြို့နယ် တရားသူကြီးများ၏ တရားစီရင်မှုများမှာ မမှန်မကန်ပြုများ ဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ယင်းဆန္ဒပြသူ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ပြောကြားသည်။

ပြင်ဦးလွင် တရားရုံးတွင် မမှန်မကန် ပြုလုပ်မှုများ ရှိခြင်းနှင့် ပတ်သက်၍ အခြားသူများ၊ အခြားအမှုများအတွက် မှတ်ချက် မပေးလိုဘဲ မိမိ ရင်ဆိုင်နေရသော အမှုတွင် မမှန်မကန် ဆောင်ရွက်မှုများ ရှိသည်ဟု ပြောလိုကြောင်း ပြင်ဦးလွင် တရားရုံးတွင် မြေယာအမှုဖြင့် တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်နေရသူ ဒေါ်နဒီချမ်းမြေ့က ပြောကြားသည်။

ယင်းသို့ ပြင်ဦးလွင်မြို့တွင် တရားစီရင်ရေး မမှန်ကန်မှုများ ပပျောက်ရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြရာတွင် မမှန်ကန်သော တရားသူကြီးများ ဖယ်ရှားရေး ဆောင်ရွက်ပေး၊ မှန်ကန်သော တရားစီရင်မှု ချက်ချင်းလုပ်ရေး၊ အဂတိ လိုက်စားသော ဥပဒေ အရာရှိများ ဖယ်ရှားပေးရေး စသည့်အချက်များ ပါဝင်ပြီး ပြင်ဦးလွင်ခရိုင် တရားရုံးရှေ့မှ မြို့ပတ်လမ်းအတိုင်း ယင်းမှရုံးပေါင်းစုံ လမ်းအတိုင်း လမ်းလျှောက်ပြီး ပြင်ဦးလွင်မြို့နယ် တရားရုံးရှေ့တွင် ပြီးဆုံးခဲ့သည်။

ယင်းသို့ ပြင်ဦးလွင်မြို့နယ် တရားရုံး၏ တရားစီရင်မှုအပေါ် စွပ်စွဲဝေဖန်မှုနှင့် ပတ်သက်၍ မီဒီယာများက သွားရောက် မေးမြန်းရာ ယင်းမြို့နယ် တရားသူကြီးက တွေ့ဆုံမည်ဟု ပြောပြီး ရုံး၏ နောက်ဖေးပေါက်မှ ရှောင်ထွက် သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း မန္တလေးမြို့ခံ သတင်းထောက်တစ်ဦးက ပြောကြားသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top