0

ACM Re-Post 30-5-2014

အမျိုးသမီးတစ်ဦး ဆရာဝန်မထံ ရောက်လာပြီး ပြောသည် ။
“ ဒေါက်တာ ၊ကျွန်မ ယောက်ျားဟာ သူ့ရဲ့ ယောက်ျားတာဝန်ကို
ကျွန်မကျေနပ်အောင် မဖြည့်ဆည်းနိုင်ဘူးရှင့်”
ဆရာဝန်မက အမျိုးသမီးကို ကြည့်ရှုစစ်ဆေးသည် ။

“ရှင့်ဆီမှာ ကျွန်မ ဘာချို့ယွင်းချက်မှ မတွေ့ဘူး ။ ရှင့် အမျိုးသားက
ဘာအလုပ် လုပ်သလဲ”
“လွှတ်တော်အမတ်ပါ”
“အင်း… လွှတ်တော်အမတ်ဆိုတော့ အလုပ်များတာကြောင့်ဖြစ်မယ်။
သူ့ကိုစစ်ကြည့်ရမှာပဲ၊ နောက်တစ်နေ့ ယောက်ျားကို ခေါ်လာခဲ့ပါ”
နောက်တစ်နေ့တွင် ယောက်ျား ရောက်လာသည် ။ ၄င်းကို
ဆရာဝန်မ စစ်ဆေးသည်။

ထို့နောက် မေးနေကျ ပုံစံမျိုးဖြင့် မေးသည် ။
“တစ်နေ့တစ်နေ့ အချိန်ဘယ်လို ကုန်တယ်ဆိုတာ ပြောပြစမ်းပါ”
“မနက် ရုံးကို သွားတယ်။ လမ်းမှာအသိအမျိုးသမီးတစ်ယောက်က
သူ့ကားကိုရပ်ပြီး ၊ ရှင် ရုံးသွားမှာလား ၊ ဒါမှမဟုတ်.. ဆိုပြီး
အဓိပ္ပါယ်ပါပါ မေးတယ် ။

ကျွန်တော် "ဒါမှမဟုတ်" ကိုရွေးလိုက်တယ် ။
ရုံးရောက်တော့ အတွင်းရေးမူးမက ကြိုနေပြီး အစ်ကိုကြီး ...အလုပ်လုပ်မှာလား၊..... ဒါမှမဟုတ်.... ဆိုပြီးပြောပြန်ရော။
ကျွန်တော် "ဒါမှမဟုတ်"ကိုရွေးလိုက်တယ် ။

ညနေကျတော့ ကျွန်တော် အိမ်ကိုပြန်လာတယ်။
ကိုယ့်အိပ်ခန်းကို မဝင်ခင်မှာ ဘေးခန်းက အမျိုးသမီး ထွက်လာပြီး
ဘယ့်နှယ်လဲ... အိမ်ကို တန်းဝင်မှာလား ၊... ဒါမှမဟုတ်... လို့မေးတယ် ။
"ဒါမှမဟုတ်" ကိုပဲ ကျွန်တော် ရွေးလိုက်တယ် ။ ကိုယ့်အိပ်ခန်းထဲ ရောက်တော့
မိန်းမက ရှင်အိပ်မှာလား ၊.....ဒါမှမဟုတ် ဆိုပြီး ကျွန်တော့်အဖြေကို
စောင့်တယ်။ ဒီတစ်ခါမှာတော့ ကျွန်တော် ထိုးအိပ်လိုက်တော့တယ် ”
အမျိုးသမီး ဆရာဝန်က ချက်ချင်း မေးခွန်းထုတ်သည် ။
“ ကိုင်း ၊ ရှင် အခု ဆေးသောက်မှာလား..၊.. ဒါမှမဟုတ်.......”

ရဲစတိုင်း

Aye Chan Mon Credit To: The Myanma Age
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top