0

ACM Re-Post 25-5-2014

လက်ပံတောင်းတောင် စီမံကိန်းကြောင့် မြေတွေသိမ်းဆည်းထားတာကို ၃ နှစ်ကျော်အထိ တိုက်ပွဲဝင်နေကြတဲ့ ဆည် တည်း၊ ဇီးတော၊ မိုးကြိုးပြင်၊ တုံရွာ စတဲ့ ဒေသခံတွေရဲ့ အသိမှာ သူတို့ရဲ့ဘ၀ ရှင်သန်မှုက မြေရှိမှဖြစ်မှာ၊ လျော်ကြေးငွေ ပေးတယ်ဆိုတာကလည်း အချိန် အကန့်အသတ်တခု အတွင်းမှာ ကုန်ဆုံးသွားနိုင်ဆိုတာက စွဲနေပါပြီ။ အဲဒီလို တိုက်ပွဲဝင် နေကြပေမယ့် သူတို့ရဲ့ဘ၀ ရပ်တည်မှုအတွက်ကို ဒီယာတွေပေါ် စိုက်ပျိုးရေးလုပ်မှဖြစ်မယ့်အတွက် မိုးရာသီရောက်လာ သဖြင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်စတင်ဖို့ ပြင်ဆင်နေကြပြီဖြစ်ရာ ဒေသခံများ၏ လက်ရှိအခြေအနေများကို တင်ပြလိုက်ပါတယ်။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

မုံရွာမြို့မှမြင်ရသည့် လက်ပံတောင်းတောင် ကို မေ၂၅ရက်နေ့ကတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

လက်ပံတောင်းတောင်စီမံကိန်းအရေးတိုက်ပွဲဝင်နေသည့်ဆည်တည်းရွာလမ်းမတစ်နေရာကို မတ်၂၅ရက်နေ့ကတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

လက်ပံတောင်းတောင်စီမံကိန်းအနီး ထန်းတောမှ ထန်းသီးများခုတ်ပြီးပြန်လာသည့် ဒေသခံနှစ်ဦးကို မတ်၂၅ရက်နေ့ကတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

လက်ပံတောင်းတောင်စီမံကိန်းအရေးတိုက်ပွဲဝင်နေသည့်ဆည်တည်းရွာအတွင်းဈေးအရောင်းအ၀ယ်လုပ်နေသည်ကို မတ်၂၅ရက်နေ့ကတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

လက်ပံတောင်းတောင်စီမံကိန်းအရေးတိုက်ပွဲဝင်နေသည့် ကျေးရွာတစ်ချို့မှာမပြောင်းပေးသည့်ပြင် အိမ်များကိုပါပြင်ဆင်နေသည်ကို မတ်၂၅ရက်နေ့ကတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

လက်ပံတောင်းတောင်စီမံကိန်းအရေးတိုက်ပွဲဝင်နေသည့် ကျေးရွာများတွင်သောက်သုံးရေအတွက် ကန်ရေများကိုသာအသုံးပြုနေသည်ကို မတ်၂၅ရက်နေ့ကတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

မိုးရာသီရောက်လာသည့်အတွက် ယာမြေများပေါ်တွင် စိုက်ပျိုးရန် မြေထွန်ယက်လုပ်ငန်းစတင်နေသည့် ဒေသခံတစ်ဦးကို မတ်၂၅ရက်နေ့ကတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

လက်ပံတောင်းတောင်စီမံကိန်းအရေးတိုက်ပွဲဝင်နေသည့်ကျေးရွာများတွင် ညပိုင်းတွင် ရွာလုံခြုံရေး အတွက် ယောက်ျားတိုင်းက ကင်းစောင့်နေသည်ကို မတ်၂၄ရက်နေ့ကတွေ့ရစဉ်
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ACM Credit To: The Irrawaddy (Burmese Version)
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
 (9 photos)

Post a Comment

 
Top