0

ACM Re-Post 25-5-2014

ပတ်ဝန်းကျင် ညစ်ညမ်းစေသော စက်ရုံလုပ်ငန်းများကို ကန့်ကွက်သောအားဖြင့် ကျေးရွာများအတွင်း သမ္မတရုပ်ပုံနှင့် ပြောဆိုချက် မူဝါဒများ တွဲလျက် စိုက်ထူသည့် လှုပ်ရှားမှုသည် ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့် မြိတ်မြို့နယ် ကျေးရွာများတွင် စတင်ကူးစက် လှုပ်ရှားနေပြီ ဖြစ်သည်။

မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စု မွှေးရှောင်ကျေးရွာတွင် ဗင်းတေ့ ကုမ္ပဏီမှ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကန့်ကွက်သည့် အနေဖြင့် မေလ ၂၀ ရက်နေ့က သမ္မတမိန့်ခွန်းနှင့် သမ္မတပုံပါ ဆိုင်းဘုတ်နှစ်ခု စိုက်ထူခဲ့သည်ဟု ယင်းကျေးရွာ ဒေသခံများမှ သိရသည်။

“သဘာဝပတ်ဝန်းကျင်ကို ပျက်စီးအောင် လုပ်တဲ့သူဟာတိုင်းပြည်ကို ပျက်စီးအောင် လုပ်တဲ့သူ ဖြစ်တယ်” ဟူသည့် သမ္မတဦးသိန်းစိန် မိန့်ခွန်းပါ ဆိုင်းဘုတ်နှစ်ခုကို ရွာအဝင်ဝ တံတားတွင် တစ်ခုနှင့် လှေဆိပ်တွင်တစ်ခု စိုက်ထူခဲ့သည်ဟု မွှေးရှောင်ရွာ ဒေသခံတစ်ဦးက ပြောသည်။

မြိတ်မြို့နယ် ကျောက်ဖျား ကျေးရွာအုပ်စု လော့လော့ရွာရှိ ၅၀ မဂ္ဂါဝပ် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို အလိုမရှိဟုဆိုကာ ဒေသခံများမှ ဇန်နဝါရီလက ဆန္ဒပြပြီး နောက်ပိုင်းတွင် အဆိုပါ သမ္မတပုံနှင့် မိန့်ခွန်းပါပိုစတာ ဆိုင်းဘုတ်များကို လော့လော့ရွာနှင့် သမုတ်ရွာတို့တွင်လည်း စိုက်ထူခဲ့ကြသည်။

မွှေးရှောင်ရွာတွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၂၆၄၀ ထုတ် အကြီးစား ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်း ခွင့်ပြုမိန့် ရရှိရန် သက်ဆိုင်ရာ ဌာနများသို့ တင်ပြ တောင်းဆိုထားသည်။

သမ္မတ ရုပ်ပုံနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုင်ရာ မူဝါဒများ၊ ပြောစကားများ ပါဝင်သော ဆိုင်းဘုတ်များကို ထားဝယ် စီမံကိန်း ဆည်တည်ဆောက်ရန် လျာထားသည့် ကလုံးထာ ကျေးရွာတွင် စတင်ခဲ့ပြီး ထားဝယ်ဒေသ အတွင်းရှိ စီမံကိန်းတည်ရှိရာ နေရာအများစုတွင် စိုက်ထူခဲ့ကြသည်။

ရုပ်ပုံစိုက်ထူသော ကလုံးထာကို သမ္မတရွာဟု ခေါ်ဆိုရာမှ ယင်းဆိုင်းဘုတ်များရှိသော ရွာများကို သမ္မတရွာဟု အလွယ်ခေါ်ခဲ့ကြသည်။

ACM Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top