0

ACM Re-Post 25-5-2014

၂၀၁၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လွိုင်ကော်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်သတင်းအရ သက်သေများနှင့်အတူ လွိုင်ကော်မြို့နယ်၊ စိုက်ကွင်း(၃)ရွာနေ လောရယ်(၅၁)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ လောရယ်အားနေအိမ်တွင် တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီတိုခါးကြားမှ ပွိုင့်(၂၂)အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်(၅)တောင့်၊ နေအိမ်အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ (၅.၅၆)ကျည် ၈ တောင့်နှင့် ကာဘိုင်ကျည် ၁၄ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် လောရယ်အား လွိုင်ကော်မြို့မ ရဲစခန်း(ပ)၈၈/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ACM Credit To: ရဲဇာနည်
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top