0


ရန်ကုန်၊ACM Re-Post 29-5-2014

ငွေကြေး ဖောင်းပွခြင်း၊ အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်ခြင်းတို့ အပါအဝင် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အရေးပါသော ငွေကြေးကဏ္ဍနှင့် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးရန် ဗဟိုဘဏ်က နိုင်ငံတကာ ဖွံဖြိုးရေး အဖွဲ့များနှင့် ပူးပေါင်းကာ ကဏ္ဍအလိုက် နည်းပညာ အကူအညီပေးရေး ကော်မတီများ ဖွဲ့၍ လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ စုံစမ်းသိရှိရသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးဆိုင်ရာ ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်း ၁၀ ဖွဲ့ ဝန်းကျင်က ဗဟိုဘဏ်ကို နည်းပညာ အကူအညီပေးရာတွင် တူညီသော အကူအညီပေးခြင်း မဖြစ်စေရန် လုပ်ငန်း ဆပ်ကော်မတီများ ဖွဲ့စည်းလုပ်ကိုင်ခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍများကို အဓိက ကြီးကြပ်ရသော ဗဟိုဘဏ်သည် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေချိန် ဖြစ်သည့်အတွက် လိုအပ်ချက်များ ရှိနေမည် ဖြစ်ပြီး ယင်းကို အပြစ်မမြင်သင့်ဘဲ အရေးကြီးဆုံးမှာ ကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က အကြံပြု ပြောကြားသည်။

“ကျွမ်းကျင်တဲ့ ဝန်ထမ်းက အောက်ခြေအဆင့်ကနေ စပြီးတော့ လိုအပ်တယ်။ ဘာဖြစ်လို့ ဆိုတော့ သူတို့က အဆင့်ဆင့် လုပ်ဆောင်သွားရမှာကိုး။ အဲဒါမရှိဘဲနဲ့ ဘာမှ လုပ်လို့ မရဘူး။ ငွေတွေ ပုံပေးလည်း ဘာမှ မထူးဘူး” ဟု ၎င်းကဆိုသည်။

နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် ဖွင့်လှစ်ရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေ စည်းမျဉ်းများ ရေးဆွဲရေးများအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ ဒိုင်ဝါသုတေသနအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး ကော်ပိုရေးရှင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ ဗြိတိန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဌာန၊ ဂျာမန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ၁၀ ဖွဲ့ ဝန်းကျင်က နည်းပညာ အကူအညီ ပေးလျက် ရှိသည်။

Aye Chan Mon Credit To: The Voice Weekly
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top