ACM Re-Post 26-5-2014
တောင်ကိုရီးယားနိုင်ငံ၊ ဘတ်စ်ကားရပ်နားစခန်း တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၇)ဦး သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။ ဂျီယန်ဂီတွင် ဖြစ်ပွားသော မီးလောင်မှုအတွင်း ဒဏ်ရာရသူ (၂၀)ထက်မနည်း ရှိလိမ့်မည်ဟုလည်း သိရှိရသည်။ မီးလောင်မှုအတွင်း မီးခိုးလုံးများ ထူထပ်သိပ်သည်းစွာ ထွက်လာရာ သေဆုံးသူနှင့် ဆေးရုံတက်ရသူ အများစုသည် မီးခိုးမွှန်သည့်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရ၍ဟုလည်း သတင်းများက ဆိုသည်။
ဂိုယောင် မြေအောက် ဘတ်စ်ကားစခန်းတွင် မီးလောင်ကျွမ်းပြီးနောက် လှောင်ပိတ်နေသည့် နေရာတွင် မီးခိုးများ လျင်မြန်စွာ ဖုံးအပ်သွားခြင်း ဖြစ်သည်။ မီးသတ်ဌာနက မီးလောင်ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ဂဟေဆက်သည့် လုပ်ငန်းတစ်ခုမှ အစပြုခြင်းဟု ကနဦး ယူဆထားသည်။ ဒေသတွင်း မီဒီယာအချို့က အဆောက်အအုံမှ မီးခိုးလုံးများ ထွက်ပေါ်နေသည့် ဓာတ်ပုံများကို ထုတ်ဖော် ပြသခဲ့ကြသည်။
CBS သတင်းဌာနက အခင်းဖြစ်ရာ နေရာသို့ အနည်းဆုံး မီးသတ်ကား (၄)စင်းနှင့် လူနာတင်ယာဉ် (၅)စင်းတို့ ရောက်ရှိခဲ့ကြောင်း မျက်မြင်များ၏ အဆိုကို ကိုးကားပြီး ဖော်ပြခဲ့သည်။ တောင်ကိုရီးယား SBSရုပ်မြင်သံကြား ဌာနက (၅)ထပ် အဆောက်အအုံ တစ်ခုဖြစ်သည့် ယင်းနေရာတွင် ဘတ်စ်ကားစခန်းအပြင် စူပါမားကက်နှင့် ရုပ်ရှင်ရုံတို့ကိုပါ ထည့်သွင်း တည်ဆောက်ထားကြောင်း ဆိုသည်။ဂျီယန်ဂီသည် ဆိုးလ်မြို့တော်နှင့် ဆက်စပ်တည်ရှိပြီး နိုင်ငံတကာ ခရီးသည်များ သွားရောက်လည်ပတ်မှု ထူထပ်များပြားသည့် နေရာတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။
Aye Chan Mon Credit To:Planet Myanmar Network
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/


Post a Comment