ACM Re-Post 26-5-2014
ခွဲစိတ်မှု တစ်စုံတစ်ရာမလိုဘဲ အနာချုပ်ရိုးချုပ်သားများကို စေ့နေစေမယ့် နာနိုနည်းပညာသုံး ပတ်တီးအရည်တစ်မျိုးကို တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း ဆေးပညာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
မေရီလန်းဒ်တက္ကသိုလ်မှ သုတေသီတွေဟာ ၃၇၀နာနိုအမျှင်တွေကို တီထွင်ဖန်တီးထားပြီး ချုပ်ရိုးကျက်သွားရင် ပျော်ဝင်သွားစေမယ့် ပတ်တီးတစ်မျိုးကို ဖန်တီးပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ နာနိုပတ်တီးများဟာ လျှပ်စစ်ချည်ငင်ခြင်း (electrospinning) နည်းပညာနဲ့ အသုံးပြုထားခြင်းကြောင့် အရေပြားဆဲလ်ကို ပျက်စီးစေနိုင်ပေမယ့် အခုနာနိုမျှင်ပတ်တီးအရည်ကတော့ အရေပြားကို ဖျန်းပေးရုံပဲလို့ သိရှိရပါတယ်။ ပတ်တီးအရည်ဟာ အငွေ့ပြန်ခြင်းအားဖြင့် အရေပြားက ချုပ်ရိုးကိုကျက်စေမှာ ဖြစ်ပါတယ်။
အရေပြားမှာတင်မကဘဲ ကိုယ်တွင်းမှာပါ အသုံးပြုနိုင်ခြင်း ရှိမရှိကိုလည်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၀မ်းခေါင်းနဲ့ ရင်ခေါင်းကြား ကြွက်သား ကျွံခြင်း၊ အဆုတ်နဲ့ အူခွဲစိတ်မှုချုပ်ရိုးများနဲ့ ၀က်များရဲ့ အသည်း ခွဲစိတ်မှုတွေမှာ စမ်းသပ်မှုတွေအရ ဒီပတ်တီးအရည်ဟာ ၄၂ ရက်အတွင်း ပျက်စီးမှုတစ်စုံတစ်ရာ မဖြစ်စေဘူးလို့ ဖော်ပြထားပါတယ်။
ယခုတွေ့ရှိမှုကို Chemical and Engineering News မှာ ဖော်ပြထားပါတယ်။
ငြိမ်းအေး
ref;ANI
Aye Chan Mon Credit To:Health Updates Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment