0

ACM Re-Post 31-5-2014

နိုင်ငံရေးတွင် လူငယ်များ ပိုမိုပါဝင်လာနိုင်စေရန် သမ္မတတာဝန်၊ ၀န်ကြီးတာဝန်၊ လွှတ်တော် ကိုယ်စားလှယ်တာဝန်များအတွက် ကန့်သတ်ထားသော အသက်များကို ယခုထက်ပိုမိုလျှော့ချရန်လိုကြောင်း ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကပြောသည်။

ယခုလ ၂၉ ရက်၌ ပြုလုပ်သော နိုင်ငံရေးပါတီများတွင် လူငယ်များပါဝင်လှုပ်ရှားမှု ဆွေး နွေးပွဲသို့ တက်ရောက်လာသော နိုင်ငံရေးပါတီအသီးသီးမှ လူငယ် ပါတီဝင်များအား ဦးကိုကိုကြီးက အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

‘‘အခု အသက်သတ်မှတ် ချက်အရဆို လူငယ်တွေက ပါတီ ၀င်ပြီးတာနဲ့ ပြီးပြီလား။ သူတို့ကို မင်းငယ်သေးတယ်ဆိုပြီး ကန့် သတ်ထားတာလား။ သူတို့မှာ လည်း အတွေးအခေါ်ကောင်းတွေ လုပ်ရည်ကိုင်ရည်တွေ ရှိတယ်။ မြန်မာစကားပုံမှာရှိတယ်။ အသက်ကြီးတိုင်းအချိန်မစီးဘူး ဆိုတာ။ အသက်ကြီးမှ လုပ်နိုင်တာမဟုတ်ပါဘူး’’ဟု ဦးကိုကိုကြီးကပြောသည်။

လက်ရှိကျင့်သုံးနေသော အခြေခံဥပဒေအရ သမ္မတတာဝန် ကို အသက် (၄၅) နှစ်ပြည့်မှသာ တာဝန်ထမ်းဆောင်ရန်သတ်မှတ် ထားသော်လည်း အမေရိကန်နိုင်ငံတွင်မူ အသက် (၃၅) နှစ်ပြည့်လျှင် သမ္မတတာဝန်ထမ်းဆောင်ခွင့်ရှိ သည်ဟု သတ်မှတ်ထားသဖြင့် မိမိတို့နိုင်ငံတွင် ယခုကဲ့သို့ အ ဘယ်ကြောင့် သတ်မှတ်ထား သည်ကို မေးခွန်းထုတ်လိုကြောင်း ဦးကိုကိုကြီးကပြောသည်။

‘‘ဒီလိုသတ်မှတ်ထားတယ် ဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ ဓလေ့စရိုက်နဲ့လည်း ဆိုင်တယ်ဗျ။နောက်ပြီး အဲဒီအရွယ်ရောက်လာ မှ ဆုံးဖြတ်ချက်တွေချတဲ့ နေရာမှာပိုပြီး အဆင်ပြေနိုင်မယ်လေ။ အဲ ဒါကြောင့် ဒီလိုသတ်မှတ်ထား တယ်လို့ ထင်ပါတယ်’’ဟု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြောသည်။

အထက်ပါဆွေးနွေးပွဲတွင် ဦးကိုကိုကြီးက တိုင်းရင်းသားရေး ရာကိစ္စရပ်များကိုလည်း ထည့် သွင်းပြောကြားခဲ့ပြီး တိုင်းရင်း သားများအနေဖြင့် ဗမာလူမျိုးများ ကိုလည်း တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ်သာသတ်မှတ်ရန် နှင့် လူမျိုးရေးမုန်းတီးစိတ်များ မထားရှိကြရန် တိုက်တွန်းပြော ကြားသည်။

ထိုကဲ့သို့ ပြောကြားမှုအပေါ် ဆွေးနွေးပွဲသို့ တက်ရောက်လာ သည့် တိုင်းရင်းသားပါတီများမှ လူငယ်ပါတီဝင်များက ၀င်ရောက်ဆွေးနွေးပြောဆိုခဲ့ကြပြီး လက်ရှိ တွင် ဗမာစာကိုသာ ရုံးသုံးစာအ ဖြစ် သတ်မှတ်ထားသဖြင့် တိုင်း ရင်းသားဘာသာစကား၊ စာပေ ယဉ်ကျေးမှုများ မှေးမှိန်နေ ကြောင်း တုံ့ပြန်ဆွေးနွေးခဲ့ကြ သည်။

နိုင်ငံတော်သမ္မတနှင့် ၀န်ကြီးများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်ဒ်)

Aye Chan Mon Credit To: 7 Days Daily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top