ACM Re-Post 31-5-2014
စင်ကာပူ- တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင် မတည်မငြိမ်မှုကိုဖြစ်စေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟေဂယ်လ်က စွပ်စွဲပြောကြားသည်။
တရုတ်နိုင်ငံ၏ လုပ်ရပ်များမှာ ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်နေသည်ဟု ဟေဂယ်လ်က ပြောသည်။
အမျိုးသားနိုင်ငံများက နိုင်ငံတကာ စည်းကမ်းများကို လျစ်လှူရှုခဲ့လျှင် အမေရိကန်အနေဖြင့် မျက်နှာလွဲနေမည်မဟုတ်ဟုလည်း ဟေဂယ်လ်က ပြောသည်။
ဟေဂယ်လ်သည် စင်ကာပူ၌ သုံးရက်ကြာကျင်းပနေသည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ယင်းသို့ပြောကြားခြင်းဖြစ်ပြီး အဆိုပါ ထိပ်သီးဆွေးနွေးပွဲ၌ အမေရိကန်နှင့် အရှေ့အာရှဒေသမှ နိုင်ငံများပါဝင်သည်။
‘‘မကြာသေးမီလပိုင်းအတွင်း တောင်တရုတ်ပင်လယ်မှာ ပိုင်ဆိုင်ခွင့်တွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက မာမာထန်ထန်ပြောလာပြီး မတည်မငြိမ်ဖြစ်စေတဲ့ တစ်ဖက်သတ်အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်’’ ဟု ဟေဂယ်လ်က ပြောသည်။
‘‘ဒီပိုင်ဆိုင်မှုတွေနဲ့ ဆက်စပ်ပြီး ဘယ်နိုင်ငံကမဆို ခြိမ်းခြောက်ခြင်း၊ သိမ်းသွင်းစည်းရုံးခြင်းနဲ့ အင်အားနဲ့ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ အခိုင်အမာ ဆန့်ကျင်ပါတယ်’’ ဟု ဟေဂယ်လ်က ဆက်ပြောသည်။
‘‘တရုတ်နိုင်ငံအပါအ၀င် ဒီဒေသက နိုင်ငံတွေအားလုံးအတွက် ရွေးချယ်စရာ တစ်ခုရှိပါတယ်။ အဲဒါကတော့ စည်းလုံးရေးနဲ့ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်အာရုံစိုက်ရေး ဒါမှမဟုတ် အဲဒီအာရုံစိုက်မှုကနေ ဖယ်ခွာပြီး လူပေါင်းသန်းပေါင်းများစွာအတွက် အကျိုးအမြတ်ထွက်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို စွန့်စားမှုလုပ်ကြခြင်းပါပဲ’’ ဟု ဟေဂယ်လ်က ပြောသည်။
ဒေသတွင်း လုံခြုံရေးအတွက် ပိုမိုတက်ကြွစွာနဲ့ ကြီးမားကျယ်ပြန့်သော အခန်းကဏ္ဍမှ ပါဝင်ရေး ဂျပန်နိုင်ငံ၏ ကမ်းလှမ်းမှုကိုလည်း ၎င်းအနေဖြင့် ထောက်ခံသည်ဟု ဟေဂယ်လ်က ပြောသည်။
တရုတ်နိုင်ငံ၏ နည်းဗျူဟာများကို စိုးရိမ်သော အိမ်နီးချင်းနိုင်ငံများအတွက် ကမ်းရိုးတန်းသွားရေယာဉ်များ ထောက်ပံ့ပေးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သောကြာနေ့က ပြောကြားသော မိန့်ခွန်းတွင် ကမ်းလှမ်းခဲ့သည်။
—Ref: BBC
ရှန်ဂရီလာ ဆွေးနွေးပွဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး စကားပြောကြားနေစဉ် (Pablo Martinez Monsivais/Pool/REUTERS)
Aye Chan Mon Credit To: 7 Days Daily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.