No.368 Sunday, May 4,2014
Author: နန်းအောင်
Location: ရန်ကုန်
ကချင်ပြည်နယ်၊ တနိုင်း ဒေသတွင် ပယင်းကျောက်တူးဖော် ရန် ပြန်လည်ဝင်ရောက်လာသူ များအား ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ပြန်လွှတ် နေကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်၊ တနိုင်း ဒေသရှိ ပယင်းကျောက်တူးဖော် ခြင်းလုပ်ငန်းကို လုံးဝရပ်ဆိုင်း တော့မည်ဟု ဧပြီ ၁၀ ရက်ဝန်း ကျင်တွင် သတင်းများထွက်ပေါ် ခဲ့ပြီးနောက် ပယင်းမှော်အတွင်း ၀င်ရောက်နေကျ လူပေါင်းနှစ်သိန်းကျော်ကိုလည်း မိမိ နေရပ်သို့ အပြီးပြန်ကြရန် အစိုးရနှင့်ကေအိုင်အေကပါ ညွှန်ကြားခဲ့သည်။
ပယင်းကျောက် တူးဖော် သည့် လုပ်ငန်း ရပ်ဆိုင်းထား လိုက်ပြီးနောက် ပယင်းမှော်သို့ မှောင်ခိုလမ်းများဖြင့် ၀င်ရောက် လာသူများအား ကချင်လက်နက် ကိုင်အဖွဲ့အစည်းက သေနတ်ဖြင့်ပစ်ဖောက်ကာ မောင်းထုတ်နေ ကြောင်း တနိုင်းမြို့ဒေသခံတစ် ဦးက ပြောသည်။
‘‘အခုနောက်ပိုင်းက လုံးဝ မသွားခိုင်းတော့ဘူး။ လူတွေက တော့ မှောင်ခိုလမ်းတွေနဲ့ သွား ကြတာပေါ့။ မနေ့ညကလည်း မှော်ထဲကနေ နှုတ်နဲ့ပြောလို့မရ လို့ သေနတ်ဖောက်ပြီး မောင်း ထုတ်လို့ ပြန်လာကြတယ်’’ ဟု ဒေသခံက ပြောသည်။
ပယင်းကျောက် တူးဖော် သည့် လုပ်ငန်း ရပ်ဆိုင်းထား သည့်အတွက် ပယင်းမှော်သို့သွား ရာ လမ်းများကိုလည်း အစိုးရစစ်တပ်က ပိတ်ထားလိုက်သဖြင့် ပယင်းမှော်သို့ သွားရာလမ်းတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြသည့် ဒေသခံများ သွားလာရေးအခက်အခဲ ကြုံတွေ့နေရပြီး လယ်တောသို့သွားမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံ ချက်ဖြင့်သာ သွားနေရသည်ဟု တနိုင်းသာယာ ၁ ရပ်ကွက် အုပ် ချုပ်ရေးမှူးဦးဆန်းနောင်းက ပြောကြားသည်။
‘‘ပယင်းမှော်သွားတဲ့ လမ်းကို ပိတ်ထားလိုက်တော့ အဲဒီဘက် မှာ လယ်ယာလုပ်တဲ့သူတွေ ဒုက္ခ ရောက်တာပေါ့။ အခုက လယ် တောသွားမယ်ဆိုလည်း ရပ်ကွက် ထောက်ခံချက်ပါမှပဲ သွားခိုင်း တယ်။ လယ်ယာရှိတဲ့လူတွေကို ထောက်ခံချက်တွေ လုပ်ပေးနေရ တယ်’’ ဟု ဦးဆန်းနောင်းက ပြော သည်။
ထိုသို့ အမိန့်ထုတ်ပြန်ခဲ့ သဖြင့် ပယင်းမှော်အတွင်း ဈေး ဆိုင်ဖွင့်လှစ်ရောင်းချနေသူများမှာ ဆိုင်ခန်းများအား သော့ခတ် ကာ ချန်ထားခဲ့ကြရပြီး ဆိုင်ခန်း ပိုင်ရှင်များက ပစ္စည်းများ သွားရောက် သယ်ယူလိုသော်လည်း ပယင်းမှော်သွားရာလမ်းကြောင်းကို ပိတ်ထားသည့်အတွက် ဆိုင်ခန်းပိုင်ရှင်များမှာ တနိုင်းမြို့ပေါ်တွင် ပယင်းမှော် ပြန်ဖွင့်ချိန်ကို စောင့်မျှော်နေကြကြောင်း သတင်းရရှိသည်။
ပယင်းမှော်ပြန်ဖွင့်ရန် ရှိ၊မရှိ နှင့် ဆိုင်ခန်းပိုင်ရှင်များ ပစ္စည်း ပြန်သယ်ယူခွင့် ရှိ၊မရှိ တနိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းခဲ့ရာ ‘‘ဟိုဘက် ကေ အိုင်အေဘက်လည်း အ၀င်မခံ ဘူး။ ဒီဘက်က စစ်တပ်ကလည်း မသွားခိုင်းဘူး။ ဆိုင်ပိုင်ရှင်တွေ ကလည်း နဂိုကတည်းက တရား မ၀င်လမ်းကြောင်းနဲ့ ရောက်သွား ကြတာဆိုတော့ သူတို့ကို ပစ္စည်း ပြန်ယူဖို့ အချိန်ပေးထားတာတော့ မရှိပါဘူး။ ပယင်းမှော်ပြန်ဖွင့်ဖို့ အ စီအစဉ်လည်း မရှိသေးပါဘူး’’ ဟု အုပ်ချုပ်ရေးမှူးဦးပီတာဒွေးလက ပြောသည်။
တနိုင်းဒေသရှိ ပယင်းကျောက်တူးဖော်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ− မရန်)
Aye Chan Mon# Credit To :7Day News Journal
https://www.facebook.com/excellencemedia
Post a Comment