0

ပြီးခဲ့တဲ့ ရက်ပိုင်းက သြစတြေးလျ နိုင်ငံ၊ ဆစ်ဒနီမြို့ရှိ ဆေးရုံတစ်ရုံမှာ အမျိုးသမီး တစ်ဦးဟာ ထူးခြားတဲ့ ကလေးငယ် တစ်ဦး မွေးဖွားခဲ့ပါတယ်။ အဲဒီအမျိုးသမီး မွေးဖွားခဲ့တဲ့ ကလေးငယ်ဟာ မိန်းကလေး ဖြစ်ပြီး ထူးခြားတာက ခန္ဓာကိုယ် တစ်ခုတည်း ဖြစ် နေပေမယ့် မျက်နှာနှစ်ခု ဖြစ်နေခြင်းပဲဖြစ်ပါ တယ်။ တကယ်တော့ ဒီကလေးငယ်ဟာ အမြွာ မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ကံမကောင်းလို့ ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါ တယ်။ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ဓာတ်မှန်ရိုက်ကူး ခဲ့ရာမှာ ဒီလို အခြေအနေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီကလေးငယ် ဟာ သတ်မှတ်ထားတဲ့ ရက်ထက် သီတင်း ခြောက်ပတ် စောပြီး မွေးဖွားလာ ခဲ့ပါတယ်။
ခန္ဓာကိုယ်တစ်ခု တည်းဖြစ်နေပေမယ့် မျက်နှာက နှစ်ခု၊ ဦးနှောက်က နှစ်ခု ပါဝင်ခဲ့ပါ တယ်။ ဒါပေမဲ့ ကိုယ်အတွင်းပိုင်းအင်္ဂါ အစိတ်အပိုင်း တွေကတော့ တစ်ခုပဲ ရှိနေပါတယ်။ ဒီလို အခြေအနေ မျိုးနဲ့ ရင်ဆိုင်ရတဲ့ ကလေး ပေါင်းဟာ (၃၅) ဦးသာရှိခဲ့ပြီး အားလုံး အသက် ဆုံးရှုံးခဲ့ကြတယ်လို့ သိရပါတယ်။ ဆေးရုံက တာဝန်ရှိသူ တွေကတော့ အကောင်းဆုံး ဆေးကုသမှုတွေ ပြုလုပ်ပေး နေကြပါ တယ်။ လက်ရှိအချိန်မှာ ကလေးငယ်ကို စောင့်ကြည့် နေပြီး ဘာဆက်လုပ်ရမလဲ ဆိုတာကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

Aye Chan Mon# Credit To :Messenger News Journal
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top