0

မန်ချက်စတာယူနိုက်တက်သည် ပြီးခဲ့သည့် ရာသီအဖွင့်က ခေါ်ယူရန် မအောင်မြင်ခဲ့သည့် ဘာစီလိုနာ၏ ဖာဘရီဂတ်အား နောက်တကြိမ် ကြိုးစားဦးမည် ဖြစ်သည်။ မန်ယူနည်းပြ ရာထူးကို ဆက်ခံမည့် ဗန်ဂေါလ်,သည် ပေါင်သန်း (200) သုံးစွဲခွင့် ရှိနေသည်။

ဒေးဗစ်မိုရက်စ်,၏ ကမ်းလှမ်းမှု့ကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည့် ဖာဘရီဂတ်,၏ ယခုနှစ် ဘာစီလိုနာ ဘောလုံးရာသီသည် ထင်တိုင်း မပေါက်ခဲ့သလို နူးကမ်း ပရိတ်သတ်များ ကြောင့်စိတ်အနှောင့် အယှက်ဖြစ်နေဟန် ရှိသည်ဟု သတင်းများက ရေးသားထားသည်။

ရွေးလျားနေသည့် ဘောလုံးဈေးကွက်များနှင့်အတူ ဖာဘရီဂတ်၏ တန်ကြေးမှာလည်း မြင့်တက်လျှက်ရှိနေပြီး မန်ချက်စတာယူနိုက်တက် အနေဖြင့် ပေါင်(45)သန်းခန့် သုံးစွဲရရန် ရှိနေသလို သူ၏ လစာငွေအတွက် တပါတ်လုပ်ခ ပေါင်(2)သိန်း ပေးချေရမည်ဖြစ်သည်။

ထို့အပြင် မန်ချက်စတာယူနိုက်တက်သည် ရီးရလ်မတ်ဒရစ်၏ ဘယ်နောက်ခံလူ ကွန်ထရာအို ကိုပါ ချိန်ဆက်လျှက်ရှိနေသည်ဟု သတင်းများက ဆက်လက်ဖေါ်ပြထားသည်။

#မောရစ်

Aye Chan Mon# Credit To : Football Café
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top