စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာရှိတဲ့ လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင်ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများက ဒီဗီဘီကို ပြောဆိုခဲ့ပါတယ်။
"လယ်တီသိမ်နဲ့ စေတီကို ဒေသခံများ၏ သဘောထား၊ ပြည်သူလူထု၏ သဘောထား၊ အစီရင်ခံစာပါ အကြောင်းအရာများနှင့် ကိုက်ညီမှုမရှိပဲ ဖေါ်ဆောင်ရေးကော်မတီနှင့် ဦးပိုင်တို့မှ ဖျက်ဆီးခဲ့ပြီး၊
သိမ်နှင့်စေတီအပိုင်းအစ အပျက်အဆီးများကို ညောင်ပင်ကြီး-ပုလဲ-ဂန့်ဂေါလမ်း ဘေးရှိ၊ ကျော်ရွာကျေးရွာ၏တောင်ဘက်၊
နတ်ချစ်တောင်နှင့် ရွှေသမင်ဘေးမဲ့တော၏ အရှေ့ဘက်တွင် အကာအရံများဖြင့် ထားရှိကြောင်း" ပြည်သူပြည်သား သတင်းသမားများက ဒီဗီဘီကို ပေးပို့ပါတယ်။
Aye Chan Mon# Credit To :DVB TV News
သတင်းအစုံကို https://www.facebook.com/excellencemediaတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Post a Comment