0
● မိန်းမသား တယောက်ရဲ့ နှလုံးသားက နူးညံ့တယ်ဆိုပေမယ့်
သားတို့ သမီးတို့အတွက် လိုအပ်တဲ့အချိန်မှာ
စစ်သူကြီး တဦးလို ရဲရင့်တာ အမေပါ။

● စားစရာမရှိတဲ့အချိန်မှာ ကိုယ်မစားဘဲ
သားတို့ သမီးတို့အတွက ကြည်ကြည်ဖြူဖြူ
ကျွေးမွေးခဲ့တာ အမေပါ ။

● ဘာသာ စကားအမျိုးမျိုးနဲ့ အမေ့ဂုဏ်ရည်တွေ
ဖွဲ့နွဲ့ကြပေမယ့် အမေ့မေတ္တာကို ကုန်စင်အောင်
ဖော်ကျူးနိုင်စွမ်းမရှိတာ အမေ့ရဲ့ မေတ္တာစွမ်းအားပါ။

● အသွေးတွေ အသားတွေဟာ အမေ့ရဲ့
မေတ္တာဓာတ်နဲ့ပေါင်းစပ်မိတဲ့အခါ
ထူးခြားတဲ့စွမ်းရည်တွေ ပါတဲ့ နို့ရည်တွေဖြစ်လာခဲ့တာ
အမေ့မေတ္တာကြောင့်ပါ။

(အမေများအားလုံးရဲ့ အနန္တ မေတ္တာကို
အာရုံပြု ပူဇော်ပါသည်။)

-【အရှင်တိက္ခဥာဏာလင်္ကာရ - ယောနွယ် 】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Aye Chan Mon# Credit To :Young Buddhist's Association
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top