စုမြတ်ဝေ| ACM Re-Post 28-5-2014
အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံကြားရှိ နဂိုသံသယစိတ်များက ပြီးခဲ့သည့် သုံးနှစ်လောက်ကစပြီး လျော့ကျခဲ့သော်လည်း ယခုချိန်ထိတော့ ရှိနေသေးသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဒဲရစ်မစ်ချဲလ်က မေလ ၂၇ ရက်က နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်းတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။
“အခုချိန်ထိ ရှိနေသေးတဲ့ နှစ်နိုင်ငံကြား သံသယတွေ၊ မယုံကြည်မှုတွေနဲ့ စိမ်းကားမှု အမွေအနှစ်နဂိုရှိရင်း စိတ်တွေ အချို့အပိုင်းတွေမှာတော့ ရှိနေသေးတာတောင်မှ ပြီးခဲ့တဲ့ သုံးနှစ်ကာလလောက်လေးမှာတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ အဲဒီ သံသယနဲ့ စိမ်းကားမှုတွေကိုတော့ ကျော်လွှားနိုင်အောင်သွားခဲ့ရပါတယ်” ဟုပြောသည်။
မေ ၂၇ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်းတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဗဟိုဌာနက ဦးစီးပြုလုပ်သော တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် က “ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာ၏ အခန်းကဏ္ဍနှင့် အမေရိကန် မြန်မာ နှစ်ဦးနှစ်ဖက်ဆက်ဆံရေး” ခေါင်းစဉ်ဖြင့် ပြောကြားရာတွင် ထည့်သွင်းပြောခြင်းဖြစ်သည်ရှေ့လာ မည့်နှစ်များတွင် နှစ်နိုင်ငံအပြန်အလှန် အကျိုးအမြတ်များအတွက် နှစ်နိုင်ငံပြည်သူများသည် တစ်ဖက်နှင့် တစ်ဖက် နားလည်မှုရအောင် ပြန်လည်ရှာဖွေမှုများ စတင်နေပြီဆိုသည်ကိုလည်း အမေရိကန်သံအမတ် ကြီးအနေဖြင့် ယုံကြည်ပြီး ၎င်းတာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ သမိုင်းဝင်လောက်သည့်ဆက် ဆံရေးကောင်းမွန်လာအောင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။“ဒီလိုအမွေအနှစ်တွေကိုကျော်လွှားနိုင်ဖို့ အတွက် ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ” ဟု၎င်းက ပြောသည်
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် ထာဝရငြိမ်းချမ်းရေး၊ တည် ငြိမ်အေးချမ်းရေး၊ တရားမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ခိုင်မာအောင် မှန်မှန်ကန်ကန်နှင့် မဆုတ်မ နစ် ထောက်ပံ့ပေးသွားမည်ကို သံအမတ်ကြီးကတစ်ဆင့် ကတိပြုခဲ့သည်။
“အမေရိကန်က မြန်မာရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေပေါ်မှာ အထောက်အပံ့ပေးဖို့ ကြည့်နေတာ ပါ။ တင်းတင်းကျပ်ကျပ်မောင်းနှင်းဖို့ မဟုတ်ပါဘူး။ ဒီနိုင်ငံ အနာဂတ်ကို နိုင်ငံရဲ့ လူမျိုးပေါင်းစုံကသာ ဖန် တီးနိုင် တာပါ” ဟု ဒဲရစ်မစ်ချဲလ်က ဆိုသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံက တောင်တရုတ်ပင်လယ်အရေး ထိရောက်စွာကိုင်တွယ်ဖြေရှင်း ရန် အာဆီယံထိပ်သီးအစည်းအဝေးမှ ထုတ်ပြန်ချက်ကို အမေရိကန်က ထောက်ခံသည်ဟု ပြောဆိုခဲ့ သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လောင်းရိပ်အောက်တွင် ရှိနေသည်ဟုယူဆရသည့်အတွက် တ ရုတ်ဘက်ကိုလိုက်သည့် ဆုံးဖြတ်ချက်မျိုး ပေါ်ထွက်လာနိုင်သည်ဟု ထင်ထားသော်လည်း ယခုလိုထုတ်ပြန် ချက်ထုတ်ခဲ့ခြင်းက ချီးကျူးဖွယ်ဖြစ်သည်ဟု ဆိုသည်။ ၁၉၉၇ ခုနှစ် နောက်ပိုင်းကတည်းက စီးပွားရေးပိတ် ဆို့မှုများနှင့်အတူကင်းကွာခဲ့သည့်နှစ်နိုင်ငံ ဆက်ဆံရေးသည် ၂၀၁၁ ခုနှစ်မှ စတင်ပွင့်လင်းလာခဲ့သည်။
Aye Chan Mon Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment