0

ACM Re-Post 28-5-2014

ပြည့်စုံခြင်း သမ္ပတ္တိစက်လေးပါး

''ရဟန်းတို့၊ ပြည့်စုံခြင်းသမ္ပတ္တိစက်လေးမျိုး ရှိ၏။ ထိုစက်လေးမျိုးနှင့်ပြည့်စုံသောသူတို့အား ပြည့်စုံ ခြင်းတို့သည် စက်ကဲ့သို့လည်၏။ ထိုစက်လေးမျိုးနှင့် ပြည့်စုံသောသူတို့သည် မကြာမီပင် စည်းစိမ်ဥစ္စာများ ပြားသည့်အဖြစ်ပြန့်ပြောသည့်အဖြစ်သို့ ရောက်ကုန်၏။ အဘယ်လေးမျိုးတို့နည်းတူမူကား ---

၁။ လျောက်ပတ်သောအရပ်၌နေခြင်း

၂။ သူတော်ကောင်းမှီရခြင်း

၃။ မိမိကိုယ်စိတ်ကိုကောင်းစွာထားခြင်း

၎။ ရှေးကပြုထားသောကောင်းမှုရှိခြင်း

ဤလေးမျိုးတို့ပင်ဖြစ်၏။

'လျောက်ပတ်သောအရပ်၌ နေရာ၏။ သူ ကောင်းကိုမိတ်ဆွေဖွဲ့ရာ၏။ မိမိကိုယ်နှင့်စိတ်ကို ကောင်း စွာထားခြင်းနှင့်ပြည့်စုံရာ၏။ ရှေးကပြုထားသော ကောင်း မှုရှိသူဖြစ်ရာ၏။ ထိုပုဂ္ဂိုလ်အား စည်းစိမ်ဥစ္စာအခြံအရံ ဂုဏ်သတင်းကျော်စောခြင်းနှင့်ချမ်းသာခြင်းသည် (ဒီ ရေအလား) လွှမ်းမိုးတိုးတက်၏။
(စတုကအင်္ဂုတ္တိုရ်၊ ၄-စက္ကဝဂ်၊ ၁-စက္က သုတ်)
[ဗုဒ္ဓ၏ သြဝါဒအမြုတေ(၂)၊ (ဒဂုန်ဦးထွန်းမြင့်၊ စာ-၁၂၈)]

အချို့သူများက 'ဘာသာရေး' နှင့် 'လော ကီရေး'ကို တခြားစီဟု ခွဲခြားရှုမြင်တတ်ကြသည်။ ဘာ သာရေးဟူသည် လောကုတ္တရာရေး သာဖြစ်သည်။ သံ သရာမှလွတ်မြောက်ကြောင်းသာဖြစ်သည်ဟု ယူဆ ထားတတ်ကြပါသည်။ လောကီကြီးပွားတိုးတက်အောင် မြင်ရေးနှင့် ဘာသာရေးမပတ်သက်ဟုလွဲလွဲမှားမှားယုံကြည်ထားသူတွေလည်းရှိပါ၏။ စင်စစ် ထိုသူတို့သည် မြတ်စွာဘုရားဟောကြားတော်မူသော 'သုတ္တန်' တရား တော်များကို ကျယ်ကျယ်ပြန့်ပြန့် မလေ့လာဖူးသော ကြောင့်ဖြစ်ပါ၏။

မြတ်စွာဘုရားသည် အိမ်ရာတည်ထောင် လူ့ဘောင်နေ လူဝတ်ကြောင်တို့ အနေဖြင့် ဘဝရပ်တည် ရေး စားဝတ်နေရေးအဆင်ပြေရန်လိုအပ်ပုံကို အသိ အမှတ်ပြုတော်မူပါသည်။ သုတ္တန်ဒေသနာတော်များတွင် တရားမျှတသော နည်းဖြင့် ဘဝတွင်အဆင်ပြေပြေရပ် တည်နိုင်မည့်နည်းလမ်းများကို မဟာ ကရုဏာအရင်း ခံလျက် ဖော်ညွှန်းပြတော်မူခဲ့ပါ၏။

မြတ်စွာဘုရားညွှန် ပြသော လောကီအကျိုးစီးပွားတိုးတက်ရေး နည်းလမ်း ခုနစ်သွယ်မှာ၊

(၁) ထကြွလုံ့လရှိခြင်း၊

(၂) သတိရှိခြင်း၊

(၃) စင်ကြယ်သောကံသုံးပါးရှိခြင်း၊

(၄) စူးစမ်း၍ပြုလေ့ ရှိခြင်း၊

(၅) ဣနြေ္ဒတို့ကိုစောင့်စည်းခြင်း၊

(၆) တရားသ ဖြင့်အသက်မွေးခြင်း၊

(၇) မမေ့မလျော့ခြင်းတို့ဖြစ်ပါ၏။

သိင်္ဂါလောဝါဒသုတ်တွင်မူစီးပွားဥစ္စာပျက်စီးဆုံးရှုံးစေသောအကြောင်းတရားခြောက်ပါးကိုရှောင်ကြဉ်ရန် သတိပေးဆုံးမတော်မူခဲ့ပါ၏။

ထိုခြောက်ပါးမှာ-

(၁) သေရည်အရက်သောက်ခြင်း၊

(၂) အချိန်အခါမ ဟုတ် သွားလာခြင်း၊

(၃) ပွဲလမ်းသဘင်သို့ကြိမ်ဖန်များ စွာသွားလာခြင်း၊

(၄) လောင်းကစား မှုပြုခြင်း၊

(၅) မကောင်းသောမိတ် ဆွေနှင့်ပေါင်းသင်းခြင်း၊

(၆) ပျင်းရိခြင်းတို့ဖြစ်ပါသည်။

မြတ်စွာဘု ရားရှင်၏အထက်ပါအောင်မြင်ကြီးပွား ကြောင်း နည်းလမ်းခုနစ်သွယ်မှာ သဘာဝ လည်းကျသည်။ အသွင်ယုတ္တိလည်းညီညွတ် သည်။ ထိုနည်းလမ်းခုနစ်သွယ်အတိုင်းလိုက်နာ ကျင့်သုံးသော် လူတို့သည် မိမိတို့၏သမ္မာဆန္ဒကိုအောင် မြင်စွာအကောင်အထည်ဖော်နိုင်ပေမည်။ စီးပွားဥစ္စာ ပျက်စီးကြောင်း ခြောက်ပါးကိုမပြုလုပ်ဘဲ ရှောင်ကြဉ် သော်၊ လက် ရှိ ပိုင် ပိုင်ရရှိထား သော စီးပွားဥစ္စာများ ကိုမပျက်စီး မဆုံးရှုံး စေရန် ထိန်းသိမ်းစောင့် ရှောက်နိုင်ပေလိမ့်မည်။

အထက်ပါစတုက အင်္ဂုတ္တိုရ်၊ ၄-စက္ကဝဂ်၊ ၁-စက္ကသုတ်တွင် ဘုရားရှင်သည် ဘဝအောင်မြင်ကြီး ပွားရေးအတွက် ပြည့်စုံဖို့လိုသောအကြောင်းတရား လေးပါးကို ဟောဖော်မွန်ြ>ွမက်တော်မူခဲ့ခြင်းဖြစ်ပါ၏။ ထိုစက်လေးပါးအနက်၊ ပထမစက်မှာ ''သင့်တင့်လျောက် ပတ်သောအရပ်၌ နေထိုင်ခြင်း'' ဖြစ်ပါ၏။
လောက၌နေအပ်သော အရပ်ဒေသလည်း ရှိ၏။

မနေအပ်သောအရပ်ဒေသလည်းရှိပါ၏။ မိမိ၏အကျိုးစီးပွားဖြစ်ထွန်းစေသော အရပ်၊ မိမိ၏ရည်ရွယ် ချက်ကိုအကောင်အထည်ဖော်နိုင်သော အရပ်တို့သည် နေအပ်သောအရပ်ဖြစ်ပါ၏။ မိမိ၏အကျိုးစီးပွားဆုတ် ယုတ်စေသောအရပ်၊ မိမိ၏ရည်ရွယ်ချက်ကိုအကောင် အထည်ဖော်နိုင်စွမ်းမရှိသောအရပ်တို့သည် မနေအပ် သောအရပ်ဖြစ်ပါ၏။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးစသည်တို့နှင့်စပ်လျဉ်း၍၊ သင့်တင့်လျောက်ပတ် သောအရပ်ရှိသကဲ့သို့ မသင့်တင့်မလျောက်ပတ်သော အရပ်လည်းရှိပါ၏။ ဥပမာအားဖြင့် မိမိကျွမ်းကျင်တတ် ပွန်ရာပညာကိုအသုံးချ၍မရသောဒေသသည် အသက် မွေးဝမ်းကျောင်းမှုပြုရန်မလွယ်သဖြင့် မနေအပ်သော အရပ်ဖြစ်ပါ၏။ အောင်မြင်ကြီးပွားသော စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်လိုသူအတွက် ကျေးရွာငယ် ဇနပုဒ်သည် နေထိုင်ရန်သင့်တင့်လျောက်ပတ်သော အရပ်ဒေသမဟုတ်ပါလေ။ နိုင်ငံကျော်ရုပ်ရှင်အနုပညာ ရှင်တစ်ဦးဖြစ်လိုသူအတွက်ဆိုလျှင်၊ ရန်ကုန်မြို့သည်သာ နေထိုင်ရန်သင့်လျော်လျောက်ပတ်သော အရပ်ဒေသဖြစ် ပါ၏။

စာရေးဆရာဖြစ်လိုသူအတွက်ဆိုလျှင်၊ စာအုပ် ဆိုင်ကြီးများ၊ စာကြည့်တိုက်များရှိသောအရပ်သည် သူ နေထိုင်ရာ သင့်လျော်သောနေရာဒေသဖြစ်ပါ၏။ စာ ကြည့်တိုက်မရှိ၊ စာအုပ်ဆိုင်မရှိ၊ စာအုပ်အငှားဆိုင်မရှိ သောကြောင့်၊ ဖတ်စရာစာအုပ် ရှားပါးသောအရပ်ဒေသ သည် စာရေးဆရာဖြစ်လိုသူများ၊ စာပေသမားများအ တွက်နေအပ်သော အရပ်ဒေသမဟုတ်ပါချေ။ ကျန်းမာ ရေးရှုထောင့်မှရှုမြင်သုံးသပ်သော် ရာသီဥတုဆိုးရွား သောအရပ်ဒေသ၊ ဆေးရုံဆေးပေးခန်းမရှိသောအရပ်၊ ဆရာဝန်မရှိသောအရပ်၊ ဆေးဆရာမရှိသောအရပ် ဒေသသည် နေထိုင်ရန်သင့်လျော်လျောက်ပတ်မှုမရှိ သောအရပ်ဒေသဖြစ်ပါ၏။ ဘာသာရေးရှုထောင့်မှရှု မြင်သော ပရိသတ်လေးပါးရှိရာအရပ်၊ ပုညကိရိယာ ဝတ္ထုကောင်းမှုဖြစ်နိုင်သောအရပ်၊ သာသနာထွန်းကား ရာအရပ်တို့သည်သာ နေထိုင်ရန်သင့်လျော်လျောက် ပတ်သောအရပ်ဒေသဖြစ်ပါ၏။ မိမိ၏သမ္မာဆန္ဒ ကောင်း မွန်သောရည်ရွယ်ချက်ကို အကောင်အထည်ဖော်၍မရ သောအလုပ်သည် နေထိုင်ရန်သင့်တော်လျောက်ပတ် သောအရပ်ဒေသမဟုတ်ပါလေ။

ဒုတိယမြောက် သမ္ပတ္တိစက်မှာ ''သူတော် ကောင်းနှင့်ပေါင်းဖော်မှီဝဲခြင်း''ဖြစ်ပါ၏။ သူတော်ကောင်း ဟူသည် ကောင်းသောအကြံအစည်ကိုသာ ကြံစည်၏။ ကောင်းသောစကားကိုသာ ပြောဆို၏။ ကောင်းသော အလုပ်ကိုသာလုပ်ဆောင်၏။ ကိုယ်နှုတ်စိတ်ကံသုံးပါး စလုံး အပြစ်ကင်းစင်အောင် ကြိုးစားနေထိုင် ၏။ ဒုစရိုက်မှုများကိုရှောင်ကြဉ်၍ သုစရိုက် မှုများကို စွမ်းနိုင်သမျှကြိုးပမ်းလုပ်ဆောင် ၏။ တရားဓမ္မတို့ကို ကောင်းစွာလေ့လာသိရှိ နားလည်ပြီး သိရှိနားလည်သည့်အတိုင်း လက်တွေ့ဘဝတွင် ကောင်းစွာကျင့်ကြံအား ထုတ်သူများဖြစ်ပါ၏။ ဆိုရလျှင် အသိနှင့် အကျင့် တစ်ထပ်တည်းကျစွာ ရိုးဖြောင့်စင် ကြယ်စွာနေထိုင်သူများဖြစ်၏။ သူတို့သည် ပစ္စုပ္ပန်ဘဝ အကျိုးစီးပွားအတွက်သာလျှင် မဟုတ်ဘဲ တမလွန်ဘဝအကျိုးအတွက်ပါ Óဏ်ပညာနှင့်ယှဉ်၍ နေတတ်သူတွေလည်း ဖြစ်ပါ၏။ ဇာတကပါဠိ၊ အကိတ္တိဇာတ်-၂၆၆ ၌၊ ဘုရားအလောင်းတော် အကိတ္တိရသေ့ က ဤသို့ဆုတောင်းခဲ့ပါ၏။

''ပညာရှိကား နည်းမှန်လမ်းမှန် ကို ကျင့်တတ်၏။ မပြုသင့်သော တာဝန် များကို မတိုက်တွန်းတတ်၊ မှန်ကန်သော နည်းလမ်းသာ ပညာရှိအဖို့ အကောင်းအ မြတ်ဖြစ်၏။ အကျိုးသင့်အကြောင်းသင့်ပြော သော် စိတ်မဆိုးတတ်။ စည်းကမ်း၊ ဝိနည်း ကို နားလည်ကျင့်ကြံတတ်၏။ ထိုပညာရှိမျိုး နှင့်ပေါင်းရခြင်းကား ကောင်းလှပေသည်။''

အင်္ဂုတ္တရ၊ ပ၊ သေတိသဗ္ဗသုတ်၌ မြတ်စွာဘုရားက မည်သို့သောသူနှင့်ပေါင်း သင့်ရမည်ဖြစ်ကြောင်း ဤသို့မိန့်တော်မူခဲ့ ပါ၏။
''ယုတ်ညံ့သူကိုပေါင်းလျှင် မိမိမှာယုတ် ညံ့သူဖြစ်သည်။ တန်းတူသူကိုပေါင်း လျှင် မဆုတ်ယုတ်၊ အဆင့်အတန်းမြင့် သူကိုပေါင်းလျှင် လျင်မြန်စွာတိုးတက် မြင့်မားသည်။''

ထို့ကြောင့် မိမိ၏ဘဝတိုးတက် အောင်မြင်သူတိုင်း မိမိထက် အသိပညာ၊ ကိုယ်ကျင့်သိက္ခာမြင့်မားသူတို့နှင့် ထိတွေ့ ဆက်ဆံအပ်ပါ၏။ တောင်ဇလပ်ပန်းတို့ကို ပေါက်ဖက်ဖြင့်ထုပ်လျှင် ပေါက်ဖက်သည် ပင် မွှေးရနံ့ကြိုင်သင်းသွားပေသည်။

တတိယမြောက် သမ္ပတ္တိစက်မှာ ''ကိုယ်နှင့်စိတ်ကို ကောင်းစွာဆောက်တည် ခြင်း''ပင်ဖြစ်ပါ၏။ လူတို့သည် နေ့စဉ်နှင့်အ မျှ ကြံတွေးနေသည်။ ပြောဆိုနေသည်။ ပြု မူလုပ်ကိုင်ဆောင်ရွက်နေသည်။ ထိုသို့ နေ့ စဉ်နှင့်အမျှ ကံသုံးပါးတို့ကို ကြံစည်ပြောဆို ပြုမူလျက်ရှိရာတွင် ပြုလေသမျှသည် ကု သိုလ်ကောင်းမှုဖြစ်ဖို့လိုပါသည်။ ကုသိုလ် ကောင်းမှုဖြစ်မှသာ ဘဝဝယ် အောင်မြင် တိုးတက်ကြီးပွားခြင်းဟူသော ကောင်းကျိုး တွေကိုဖြစ်ထွန်းပေါ်ပေါက်စေပါလိမ့်မည်။ ပြုလေသမျှ ကံသုံးပါးသည် မကောင်းမှုအ ကုသိုလ်ဖြစ်လျှင် ဘဝဝယ်မကောင်းကျိုးတွေ ဖြစ်ထွန်းပေါ်ပေါက်လာပါလိမ့်မည်။ မည်သူ မပြု မိမိမှုသာဖြစ်ပါ၏။

မိမိ၏ဘဝကိုကောင်း အောင် ဖန်တီးသူမှာလည်း မိမိသာဖြစ်ပြီး ဆိုးအောင်ဖန်တီးသူမှာလည်း မိမိသာဖြစ် ပါ၏။ သည်တော့ အကုသိုလ်ကင်းပြီး ကုသိုလ် ထုံမွှမ်းသော ကံသုံးပါးဖြစ်အောင် မိမိ၏ကိုယ်နှင့်စိတ်ကို ကောင်းစွာဆောက်တည် ထားဖို့လိုပါသည်။

ကာယကံ၊ ဝစီကံ၊ မနောကံဟူ သော ကံသုံးပါးတွင် မနောကံဟူသောစိတ် သည် အကြီးအမှူး အဦးအဆောင်ဖြစ်လေ ရာ စိတ်ကိုကောင်းစွာထားနိုင်သော် ကောင်း သော ကိုယ်မှုနှုတ်မှုတို့ ဖြစ်ပေါ်ပေလိမ့်မည်။ ဓမ္မပဒ-၁၉ ၌ မြတ်စွာဘုရားက''မကောင်းသောစိတ်ထားသည် ထိုစိတ် ထားရှိသူကို ယုတ်ညံ့ဆိုးရွားသူ ဖြစ် အောင်ပြုတတ်သည်။ ကောင်းသော စိတ်ထားသည် ထိုသူကို အထက်တန်း ကျသူဖြစ်အောင်ပြုသည်'' ဟူ၍ ဟော တော်မူခဲ့ပါ၏။
မိမိသည် ရတနာသုံးပါးအပေါ် ကြည်ညိုသောသဒ္ဓါတရား နည်းပါးနေသေး လျှင် သဒ္ဓါတရားကြီးမားလာအောင်၊ သီလ မရှိသေးလျှင် သီလရှိအောင်၊ မစ္ဆရိယကိန်း အောင်း၍ လှူဒါန်းမှုနည်းပါးနေလျှင် လှူ ဒါန်းမှုတွင် မွေ့ပျော်လာအောင်၊ ဘာဝနာ ကောင်းမှုမပြုဖြစ်သေးလျှင် ပြုဖြစ်လာအောင် အားထုတ်ခြင်းတို့သည် ကိုယ်နှင့်စိတ်ကို ကောင်းစွာဆောက်တည်ခြင်း ဖြစ်ပါ၏။

စတုတ္ထမြောက် သမ္ပတ္တိစက်မှာ ''ရှေးကပြုထားသော ကောင်းမှုကုသိုလ်ရှိ ခြင်း'' ဖြစ်ပါ၏။

လူတို့သည် ကောင်းသောအမှု ကို ပြုသည်ဖြစ်စေ၊ ဆိုးသောအမှုကိုပြုသည် ဖြစ်စေ၊ ထိုအပြုအမူ၏ အမွေကိုမုချမသွေ ခံယူကြရသည်သာဖြစ်ပါ၏။ မိမိပြုသောကံ ၏အကျိုးကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ မိမိသည်သာ တာဝန်ယူရပေမည်။ သံသရာတစ်လျှောက် ဖြတ်သန်းလာခဲ့သော ဘဝပေါင်းများစွာက ပြုခဲ့သောကံ၏ သတ္တိ၊ ကမ္မဖလသည် မျက်မှောက် ပစ္စုပ္ပန်ဘဝအ ပေါ် သြဇာသက်ရောက်မှုရှိပါသည်။ အတိတ် ဘဝက ဒေါသအမျက်အလွန်ကြီးခဲ့သူသည် ပစ္စုပ္ပန်ဘဝတွင် အရုပ်ဆိုးအကျည်းတန်၏။ လူနှင့်တိရစ္ဆာန်တို့ကို ညှဉ်းဆဲသတ်ဖြတ်ခဲ့သူ သည် ပစ္စုပ္ပန်ဘဝတွင် အနာရောဂါထူပြော သည်။ အသက်တိုသည်။ အတိတ်ဘဝက သူတစ်ပါးအပေါ် မနာလိုဝန်တိုခဲ့သူသည် မျက်မှောက်ဘဝတွင် အဆင့်အတန်းနိမ့် ကျတတ်ပါသည်။

အပြန်အလှန်အားဖြင့် အတိတ် ဘဝများစွာက ကောင်းမှုကုသိုလ်ပြုခဲ့သူများ သည် ပစ္စုပ္ပန်မျက်မှောက်ဘဝတွင် ကျန်းမာ ခြင်း၊ ရုပ်ရည်လှပတင့်တယ်ခြင်း၊ စည်းစိမ် ဥစ္စာချမ်းသာခြင်း၊ Óဏ်ပညာကြီးခြင်း၊ ဂုဏ် ရှိန်မြင့်မားသော မိဘမျိုးရိုးတွင် မွေးဖွား ကြီးပြင်းရခြင်းစသောအကျိုးတို့ကို ခံစား ရပါသည်။ ကုသိုလ်ကောင်းမှု၏ အမွေကို ခံယူရသည်ထက် ပိုမိုသာလွန်ကောင်းမွန် သော အမွေအနှစ်ဟူ၍မရှိပါ။ အတိတ်ဘဝ က ပြုခဲ့သော ကောင်းမှု၏အမွေကို ခံယူ ရရှိသူသည် ပစ္စုပ္ပန်ဘဝကို ထူထောင်ရာ၌ ရေခံမြေခံကောင်းများ၊ အခြေအနေကောင်း များရရှိနိုင်ပါသည်။ လက်ရှိပစ္စုပ္ပန်ဘဝတွင် ကောင်းမှုကုသိုလ်များပြုပါကလည်း ပစ္စုပ္ပန် ဘဝတွင်သာ ကောင်းကျိုးပေးသည်မဟုတ် မူလျက် တမလွန်ဘဝသို့တိုင် ကောင်းကျိုး ပေးပါလိမ့်မည်။ သမ္ပတ္တိတရားလေးပါးနှင့် ပြည့်စုံအောင် အားထုတ်နိုင်သည်နှင့်အမျှ အဓိပ္ပာယ်ရှိသော တန်ဖိုးမြင့်မားသောဘဝ တစ်ခု ဖြစ်တည်လာပေလိမ့်မည်။

---------------------------------------------------------
Flower News Journal

Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top