0

ACM Re-Post 28-5-2014

ရခိုင်ပြည်နယ်၏ နယ်စပ်များ လုံခြုံမှု မရှိပါက ရခိုင်ပြည်နယ် တစ်ခုတည်း ပျက်စီးရုံသာမက မြန်မာ တစ်နိုင်ငံလုံး အနေနဲ့ပါ ပျက်စီးသွား နိုင်ကြောင်း ရခိုင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့မှ ဒေါ်စောမြတ်ရာဇာလင်းက ပြောကြားခဲ့သည်။

“ရခိုင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်ရဲနဲ့ စစ်တပ်က သူတွေတောင် မလုံခြုံဘူးဆိုတော့ လက်နက်မဲ့တဲ့ ရခိုင်လူမျိုးတွေ အနေနဲ့ ဘယ်လောက်ထိ ကြောက်စရာ ကောင်းတယ်ဆိုတာ ပြောမပြတတ်ပါဘူး၊ ကျွန်မတို့ အနေနဲ့ နိုင်ငံတော် အစိုးရကို တစ်ခု ပြောချင်တာက၊ ရခိုင်ပြည်နယ် အနောက်တံခါး လုံခြုံမှု မရှိရင် ရခိုင်ပြည်နယ် တစ်ခုတည်း ပျက်စီးမှာ မဟုတ်ဘူး၊ မြန်မာ တစ်နိုင်ငံလုံး အနေနဲ့ ပျက်စီးသွားမှာပါ၊ နောက်ပြီး နယ်ဘက်တွေမှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်တပ်နဲ့ ရဲတွေကို စစ်ရေး အမြဲသတိရှိဖို့လည်း ပြောပါရစေ၊ အစိုးရ အနေနဲ့ကတော့ အနောက်တံခါး လုံခြုံစေဖို့ အတွက် ရခိုင် အမျိုးသားတွေနဲ့ ပူးပေါင်းမယ် ဆိုရင်တော့ အဆင်သင့် ရှိပါတယ်”ဟု ဒေါ်စောမြတ်ရာဇာလင်းက ပြောခဲ့သည်။

ရခိုင်ပြည်နယ်မှ ဒေသခံများ အနေဖြင့်လည်း ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် ခံရမှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျှက်ရှိနေကြောင်း နှင့် ရခိုင်ပြည်နယ် အတွင်း ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းတွင် ရခိုင် တိုင်းရင်းသားများ အနေဖြင့် စိုးရိမ်စိတ်များ ယခုအချိန်ထိ ဖြစ်ပေါ်နေဆဲပါဟု ရခိုင် ဒေသခံများမှ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်သားများ ဖမ်းဆီးခြင်းခံရသည်မှာ နှစ်ကြိမ်မြောက် ရှိပြီဖြစ်ပြီး။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ယခုလို တစ်ကြိမ် ဖြစ်ပွားခဲ့သည် ဂျီအီးတပ်မှ တပ်သားသုံးယောက် အဖမ်းခံရပြီး ယခုအချိန်ထိ သတင်း အတိအကျ မသိရသေးကြောင်း ယခုအခါ တပ်မတော်သား လေးယောက် သေဆုံးပြီး နှစ်ဦး ဖမ်းဆီးသွားခဲ့ရာ ပြန်လည် လွတ်မြောက်လာခဲ့ သော်လည်း ဒေသခံများ အနေဖြင့် ယခုလို နောက်ထပ်တစ်ကြိမ် ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် အတွင်း ယခုလို တိုက်ပွဲဖြစ်ပွားပြီး ဖမ်းဆီးခံရခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဖမ်းဆီးခံ ရသော တပ်မတော်သားများလည်း ရှိသလို သေဆုံးသည့် တပ်မတော်သားများလည်း ရှိနေကြောင်းနှင့် ရခိုင်ပြည်နယ်တွင် နယ်စပ်လုံခြုံရေး တပ်အင်အားကို လက်နက်ကိုင် အဖွဲ့စည်းများဖြစ်သည်။

Aye Chan Mon Credit To:Tomorrow
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top