0

ရန်ကုန်မြို့လယ်တွင်နေသည့် ဈေးသည် အမျိုးသမီးတစ်ဦး စီးပွားရေး အဆင်မပြေ၍ အရက်ပြန်သောက်ကာ သေကြောင်း ကြံစည်ခဲ့ရာ အသက် မသေဘဲ တရားစွဲခံရကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိထမင်းဆိုင်မှ အမျိုးသမီး တစ်ဦးသည် စီးပွားရေး အဆင်မပြေသောကြောင့် စိတ်ညစ်ပြီး မေလ ၁၈ ရက် ညအချိန်က အရက်ပြန် ပုလင်းအသေး သုံးပုလင်းကို သောက်ကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သို့သော်လည်း အိမ်သားများ သိသွား၍ ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ)ရှိ အဆိပ်ရောဂါကုသရေးဆေးကုဆောင်သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
ထို့ကြောင့် ၎င်းအမျိုးသမီးကို မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့မှု ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၀၉ ဖြင့် လမ်းမတော်မြို့မရဲစခန်းမှ အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

‘‘သူ့ကို မစစ်ရသေးပေမယ့် ပတ်ဝန်းကျင်က သိရတာတော့ စီးပွားရေး အဆင်မပြေလို့ လင်မယားကွဲသွားတာ။ စိတ်ညစ်ပြီး အရက်ပြန် သောက် လိုက်တာလို့ ပြောကြတယ်။ သူ့ကို သေသေချာချာ စစ်ဆေးပြီးမှပဲ တိတိ ကျကျ သိရမှာ’’ဟု လမ်းမတော်မြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် စီးပွားရေးအဆင်မပြေသောကြောင့် မိမိကိုယ်ကိုကိုယ် သေကြောင်းကြံစည်ကြသူ အချို့ရှိနေရာ မသေသူများသည် သေကြောင်း ကြံစည်ခဲ့မှု ဖြင့် တရားစွဲဆိုခံရကြောင်း ရှေ့နေတစ်ဦးက ပြောသည်။ အချို့ သူများသည် တရားရုံးသို့ ရောက်သောအခါ ဆေးမှားသောက်ခဲ့သည်ဟု ထွက်ဆိုချက်ဖြင့် ထောင်တစ်နှစ်မကျခံရဘဲ တရားသေလွတ်မြောက် ခဲ့ကြသည်။

ACM Credit To:7 Day News Daily
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top