0

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က တရုတ်နိုင်ငံနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်ရေးဟာ ရုရှားရဲ့ သံရေးတမန်ရေးဆိုင်ရာ ဦးစားပေးကိစ္စ ဖြစ်ကြောင်း တရုတ်နိုင်ငံ သတင်းမီဒီယာမှာ ပြောခဲ့ပါတယ်။

နှစ်ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ် အစမှာ မစ္စတာ ပူတင်က တရုတ်နိုင်ငံဟာ ရုရှားအတွက် အားကိုးရလောက်တဲ့ မိတ်ဆွေ တစ်နိုင်ငံ ဖြစ်ပြီး ထိပ်တန်း ကုန်သွယ်ရေး မဟာမိတ်လည်း ဖြစ်တယ်လို့ ဆင်ဟွာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

သမ္မတ ပူတင်ဟာ တရုတ် သမ္မတ ရှီကျင်ပင်းနဲ့လည်း ဘေဂျင်း မြို့တော်မှာ ဆွေးနွေးခဲ့ပါတယ်။

မစ္စတာ ပူတင်ရဲ့ ပြောရေးဆိုခွင့် ရှိသူက ဈေးနှုန်း သတ်မှတ်နိုင်ခြင်း မရှိသေးဘူးလို့ ပြောပေမယ့် အရေးပါတဲ့ သဘာဝ ဓာတ်ငွေဆိုင်ရာ သဘောတူညီချက်ကို နှစ်နိုင်ငံကြား လက်မှတ်ရေးထိုး နိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

ယူကရိန်း အရေးနဲ့ ပတ်သက်လို့ ရုရှားရဲ ရပ်တည်ချက်ကြောင့် အနောက် နိုင်ငံများရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ချမှတ်ခံထားရချိန်မှာ သမ္မတ ပူတင်ရဲ့ အခုခရီးစဉ် ပြုလုပ်တာလည်း ဖြစ်ပါတယ်။

ACM Credit To:BBC Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top