0

ဘိုလစ်ဗီးယား ပထမတန်းကလပ် Sport boys က ခေါ်ယူခဲ့လို့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက် ဖြစ်ချင်တဲ့ ဘိုလစ်ဗီးယား သမ္မတရဲ့ ဆန္ဒ ပြည့်ဝသွားခဲ့ပါတယ်။ အသက် ၅၄နှစ် အရွယ်ရှိ မိုရာလက်စ်ဟာ ဘောလုံးအားကစားကို ချစ်မြတ်နိုးသူဖြစ်ပြီး
၂၀၀၆ခုနှစ်တုန်းက ကစားခဲ့တဲ့ ပွဲစဉ်တစ်ပွဲမှာ နောက်ဆုံးမိနစ် အနိုင်ဂိုးသွင်းဖို့ ကြိုးစားရင်း ဂိုးသမားနဲ့ ထိခိုက်မိလို့ နှာခေါင်းကျိုးခဲ့ဖူးသူပါ။

Sport boys က မိုရာလက်စ်ကို တစ်ပတ်လုပ်ခ ၁၂၇ပေါင် ပေးချေသွားမှာဖြစ်ပြီး ကွင်းလယ်ဖန်တီးရှင်အဖြစ် နံပါတ် ၁၀ ဂျာစီ ၀တ်ဆင်ကစားမယ်လို့ သိရပါတယ်။ Sport boys နည်းပြ ခရိုနန်ဘိုးက “မိုရာလက်စ်က ဘောလုံးကစားရတာကို နှစ်သက်ပြီး ခြေစွမ်းကောင်းတဲ့သူပါ။ ကျွန်တော်တို့အသင်း ကစားမယ့် ပွဲစဉ်တစ်ချို့မှာ သူ့ကို ထည့်သွင်းကစားဖို့ ဆုံးဖြတ်ထားပြီးပါပြီ”လို့ ပြောခဲ့ပါတယ်။

@z (ရိုးရာလေး)

ACM Credit To:YoYarLay
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ယုံဖြင့် သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top